မန်စီးတီးက အရန်အသင်းနဲ့ကစားရင်တောင် မန်ယူထက် ဖလားရနိုင်ချေပိုများတယ်ဆိုတဲ့ မော်ရင်ဟို

69213678_2532888430075395_6583231111445348352_n.jpg

မန်စီးတီးက အရန်အသင်းနဲ့ကစားရင်တောင် မန်ယူထက် ပရီးမီးယားလိဂ်ဖလားရနိုင်ချေပိုများတယ်လို့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုကပြောပါတယ်။ ဝက်စ်ဟမ်းအသင်းကို (၅) ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ မော်ရင်ဟိုက အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Sky Sports ရဲ့ ဘောလုံးကျွမ်းကျင်ပညာရှင်အဖြစ်ဆောင်ရွက်နေတဲ့ မော်ရင်ဟိုကို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဘယ်အသင်းတွေယှဉ်ပြိုင်ရမလဲလို့မေးခွန်းထုတ်ရာမှာ မော်ရင်ဟိုက ”မန်စီးတီး၊ စပါး၊ လီဗာပူးနဲ့ မန်စီးတီးအရန်အသင်းပါ။ မန်စီးတီးရဲ့ အရန်ကစားသမားတွေကိုကြည့်လိုက်တော့ မန်စီးတီး အရန်အသင်းတောင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်လောက်တယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်”လို့ ဖြေခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ အရန်ကစားသမားစာရင်းမှာ ဂိုးသမားနေရာနဲ့ ဗဟိုနောက်ခံလူနေရာတွေပဲ အားနည်းပြီး တိုက်စစ်ပိုင်းမှာ မာရက်ဇ်၊ ဂါဘရီယယ်ဂျီးဆပ်၊ ဆာနေးတို့ပါဝင်နေပါတယ်။

ဒါ့အပြင် ကွင်းလယ်မှာလည်း ဂန်ဒိုဂန်၊ ရိုဒရီ၊ ဖိုဒင်တို့လို ကစားသမားတွေရှိနေပါတယ်။ ဂိုးသမားနေရာမှာတော့ အသက် (၃၆) နှစ်အရွယ်ရှိတဲ့ ဘရာဗိုရှိနေပါတယ်။ ဘရာဗိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမျှ ကစားခွင့်မရခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top