စတန့်ခန်း တစ်ခုမှာ သရုပ်ဆောင်ရင်း အရိုးကျိုးခဲ့တဲ့ တွမ်ခရုစ်

pri_49570643.jpg

နာမည်ကျော်မင်းသား တစ်ယောက်ဖြစ်တဲ့ တွမ်ခရုစ်ဟာ စတန့်ခန်းတစ်ခုမှာ သရုပ်ဆောင်ရင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် Mission Impossible 6 ဇာတ်ကား ရိုက်ကူးမှုကို လအနည်းငယ်ကြာ ရွှေ့ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Mission Impossible 6 ဒါရိုက်တာဟာ တွမ်ခရုစ်ကို အခုလို အသက်အန္တရာယ်နဲ့ နီးစပ်တဲ့စတန့်ခန်းတွေကို ကိုယ်တိုင် ရိုက်ကူးခွင့် ပြုတော့မှာ မဟုတ်ပါဘူးလို့ဆိုပါတယ်။

ယခုတစ်ခေါက်မှာတော့ တွမ်ခရုစ်ဟာ အမိုးမှ ခုန်ချတဲ့ စတန့်ခန်း တစ်ခုကို ရိုက်ကူးနေစဉ် မတော်တဆမှု ဖြစ်ခဲ့တာဖြစ်ပြီး ခြေချင်းဝတ် အရိုး ၂ ရိုးကျိုးသွားခဲ့ပါတယ်။ တွမ်ခရုစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်မှာ ရုပ်ရှင်ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တွမ်ခရုစ်ဟာ ဆေးကုသဖို့အတွက် အမေရိကန်ကို ပြန်သွားနေပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် Mission Impossible 6 ဇာတ်ကား ရိုက်ကူးမှု တစ်ခုလုံးကို အနည်းဆုံး ၄ လခန့် ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။

ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သားတစ်ဦးကတော့ “ဒဏ်ရာဟာ ကျွန်တော်တို့ ထင်တာထက် ပိုများပါတယ်။ တွမ်ဟာ ကြီးကြီးမားမား ဒဏ်ရာရခဲ့တာဖြစ်ပြီး လအနည်းငယ်ကြာ အနားယူရဦးမှာပါ။ တွမ်ဟာ နာမည်ကျော် သရုပ်ဆောင် တစ်ယောက်ဆိုတော့ သူ့ကို မဏ္ဍိုင်ပြုပြီး ကျွန်တော်တို့ လည်ပတ်နေရပါတာပါ။ ဒါကြောင့် ရုပ်ရှင် ဒါရိုက်တာအနေနဲ့ ရုပ်ရှင် ရိုက်ကူးခြင်းကို ရွှေ့ဆိုင်းဖို့ကလွဲပြီး တခြား ရွေးစရာ မရှိတော့ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၅၅ နှစ်ခန့်ရှိနေပြီဖြစ်ပေမဲ့ စတန့်ခန်းတွေအားလုံးကို ကိုယ်တိုင် သရုပ်ဆောင်လေ့ရှိတဲ့ တွမ်ခရုစ်တစ်ယောက် အခုလို ထိခိုက် ဒဏ်ရာရသွားခဲ့တာကြောင့် ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေသာ အချိန် ရွှေ့ဆိုင်းရမှာ မဟုတ်ဘဲ Mission: Impossible ရဲ့ ငွေကြေးအခြေအနေ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ Mission Impossible 6 ကို ၂၀၁၈ မှာ ထွက်ရှိဖို့ စီစဉ်ထားပြီးယခုအချိန်မှာတော့ ၂၀၁၈ ခုနှစ် ခရစ္စမတ်ကာလ လောက်မှသာ ထွက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Mission: Impossible ဇာတ်လမ်းတွဲများရဲ့ ပရိုဂျုဆာ ဒေးဗစ် အဲလီဆင်(David Ellison)ဟာ ဒီဇာတ်ကားမှာလည်း တွမ်ရဲ့အက်ရှင်ခန်းများကို အဓိကရိုက်ကူးထားပြီးတော့  မတ်လက အင်တာဗျူးတစ်ခုထဲမှာ တွမ်ခရုစ်ဟာ ဒီကားမှာ အကောင်းဆုံးသရုပ်ဆောင်ထားတယ် လို့ပြောဆိုခဲ့ပါတယ်။

Ref : Metro News : Tom Cruise ‘will need months to recover’ from broken bones after smash into a wall during failed action stunt

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top