မျက်တောင်မွှေး အရှည်ဆုံး၊ လက်သည်း အရှည်ဆုံးနဲ့ ၂၀၁၈ ဂင်းနစ် စံချိန်တင်ခဲ့သူများ

TELEMMGLPICT000139443371_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQfyf2A9a6I9YchsjMeADBa08.jpeg

ဒီကနေ့မှာ ထွက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ် ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတော့ ယူဇီဇာ (You Jianxia) အမည်ရှိတဲ့ တရုတ်နိုင်ငံသူတစ်ဦးဟာ ကမ္ဘာ့ မျက်တောင်အရှည်ဆုံးလူသားဆိုတဲ့ စံချိန်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ယူဇီဇာရဲ့ မျက်တောင်မွှေးများဟာ ယခင်တင်ထားတဲ့ စံချိန်ကို အပြတ်အသတ်ကျော်ဖြတ်ပြီး သူမရဲ့ မျက်တောင်မွှေးများဟာ အရှည် ၁၂.၄ စင်တီမီတာ (၄.၈၈ လက်မ) အထိ ရှိနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မြောက်ဘက်ဂျန်ဆု ပြည်နယ် (Jiangsu) မှာနေထိုင်တဲ့ ယူဇီဇာဟာ သူမရဲ့ မျက်တောင်မွှေးတွေ ၂၀၁၃ ခုနှစ်မှစလို့ သိသိသာသာရှည်လျားလာခဲ့တာကို သတိပြုမိခဲ့ပြီး သူမရဲ့ မျက်တောင်မွှေးများဟာ ၁၈ လအတွင်းမှာ ဒီအရှည်ထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထုတ် ဂင်းနစ်စံချိန်စာအုပ်ထဲမှာ ပါဝင်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ လက်သည်းအလှပညာရှင် အီယန်နာ ဝီလီယမ်(Ayanna Williams) ဖြစ်ပြီး သူမရဲ့ လက်သည်းများကတော့ ၅၇၆.၄ စင်တီမီတာ (၁၈ ပေ ၁၀ လက်မအထိ) ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အီယန်နာ ဝီလီယမ်ဟာ ကမ္ဘာလက်သည်းအရှည်ဆုံး လူသားအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ အမေရိကန် တက်ဆက်စ်ပြည်နယ် ဟူစတန်မြို့(Texas)မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ်  ဝီလီယမ်ဟာ သူမရဲ့ လက်သည်းတွေကို ပိုးမွေးသလို မွေးခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်သည်းတိုက်ဘရပ်နဲ့ ဘတ်တီးရီးယား သန့်ရှင်းရေးဆေးများကို အမြဲတမ်းသုံးခဲ့ရတယ် လို့သိရပါတယ်။ ဒါ့အပြင် သူ့မရဲ့လည်သည်းများကို မာစေရန် ဆေးများလိမ်းခဲ့ရပြီး လက်သည်းဆိုးမယ် ဆိုရင်လည်း အနည်းဆုံး တစ်ပတ်လောက် ကြာတယ်လို့ သူမက ပြောခဲ့ပါတယ်။ လက်သည်းတွေ အရမ်းရှည်နေပေမဲ့ ဝီလီယမ်ဟာ ဘောင်းဘီချွတ်တာကလွဲလို့ ကျန်တဲ့အိမ်မှုကိစ္စတွေအားလုံးကို အခက်အခဲသိပ်မရှိဘဲ လုပ်နိုင်တယ် လို့ပြောခဲ့တယ်။

တိရစ္ဆာန်လောကမှာတော့ Cygnus လို့ခေါ်တဲ့ ကြောင်တစ်ကောင်ဟာ သူ့ရဲ့ အရှည်ဆုံးအမြီးနဲ့ ဂင်းနစ်စံချိန်တင်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဖန်းဒေးလ်မြို့ (Ferndale) မှ အမေရိကမျိုးရင်း ကြောင်ဖြစ်တဲ့ Cygnus ရဲ့ အမြီးဟာ ၄၄.၆၆ စင်တီမီတာ (၁၇.၅၈ လက်မ) အထိရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ အော့စ်ဖို့ရှီးယားကောင်တီ အမ်ဘရိုဒန်ရွာ တွင်နေထိုင်တဲ့ ဂျော်ဖ်ဘစ်မဲဒ် ဆိုသူ လူတစ်ယောက်ကတော့ လမ်းပေါ်မှာ စီးနင်းနိုင်တဲ့ ၂.၇ မီတာ(၈ပေ ၁၀ လက်မ)အရှည်ရှိ ကလေးစီးယာဉ်ကို တီထွင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဂင်းနစ်စံချိန်စာအုပ်မှာ နောက်ထပ်စံချိန်တင်သွားသူကတော့ တစ်မိနစ်အတွင်းမှာ တဆေး၊ ဟင်းသီးဟင်းရွက်များနဲ့ပြုလုပ်ထားတဲ့ မာမိုက် အစားအစာကို ၁ မိနစ်အတွင်း အများဆုံး စားသောက်ခဲ့တဲ့ အန်ဒရေ အော်တော့ဖ် (Andre Ortolf) ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ တခြားသူတွေကတော့ ဂျန်ဂါ တုံးလေးတွေကို ကြာပွတ်နဲ့ ၃၀ စက္ကန့်အတွင်းမှာအများဆုံး ဖယ်ရှားနိုင်ခဲ့သူနဲ့ ကမ္ဘာ့အကြီးဆုံး Sticker ဘောလုံးပြုလုပ်သူတို့ပဲ ဖြစ်ပါတယ်။

Ref : Independent  News : Guinness World Records: Longest eyelashes, fingernails and cat’s tail among astonishing new entries

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top