Avengers: Endgame ရုပ်ရှင်ကို အကြိမ်အများဆုံးကြည့်ရှုပြီး ဂင်းနစ်စံချိန်ချိုးဖို့ကြိုးစားခဲ့သူ

https___cdn.cnn_.com_cnnnext_dam_assets_190612231617-agustin-alanis-avengers-01.jpg

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က အသက် (၃၀) အရွယ် သြဂတ်စတင်း (Augustine) ဟာ Avengers: Endgame ရုပ်ရှင်ကို အကြိမ်ရေအများဆုံးကြည့်ရှုပြီး ဂင်းနစ်စံချိန်ဝင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူက ရုပ်ရှင်ချိန်တစ်ချိန် ကြည့်ရှုတိုင်း ရုပ်ရှင်လက်မှတ်၊ ရုပ်ရှင်ရုံဝန်ထမ်းနဲ့အတူ ဆဲလ်ဖီရိုက်ပြီး တွစ်တာမှာ အမှတ်အသားအဖြစ် တင်ရှိထားလေ့ရှိပါတယ်။

ရုပ်ရှင်ချိန်တစ်ချိန် ကြည့်ရှုတိုင်း ရုပ်ရှင်လက်မှတ်၊ ရုပ်ရှင်ရုံဝန်ထမ်းနဲ့အတူ ဆဲလ်ဖီရိုက်ပြီး တွစ်တာမှာ အမှတ်အသားအဖြစ် တင်ရှိထားလေ့ရှိ

သြဂတ်စတင်းဟာ Avengers: Endgame ကို စတင်ရုံတင်ပြသတဲ့ ပြီးခဲ့တဲ့ဧပြီလကစလို့ လက်ရှိအချိန်အထိ ရုပ်ရှင်ရုံမှာ (၁၁၄) ကြိမ် ကြည့်ရှုပြီးဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားတည်းကို အကြိမ်ရေအများဆုံးကြည့်ရှုထားတဲ့ လက်ရှိစံချိန်ရှင်ကတော့ “Avengers: Infinity War” ရုပ်ရှင်ကို ရုပ်ရှင်ရုံတွင်း (၁၀၃) ကြိမ်အထိကြည့်ပြီး ဂင်းနစ်စံချိန်ဝင်သွားတဲ့ မြောက်ကယ်ရိုလိုင်းနားက အန်သိုနီမစ်ရှယ် (Anthony Mitchell) ဆိုသူပါ။

စတင်ရုံတင်ပြသတဲ့ ပြီးခဲ့တဲ့ဧပြီလကစလို့ လက်ရှိအချိန်အထိ ရုပ်ရှင်ရုံမှာ (၁၁၄) ကြိမ် ကြည့်ရှုပြီးဖြစ်

” စဖွင့်ဖွင့်ချင်းအပတ်မှာတင် ကျွန်တော် (၅) ကြိမ်ကြည့်ခဲ့ပြီးပြီ။ ဒီရုပ်ရှင်ကို အရမ်းကြိုက် လို့ နေ့တိုင်းသွားကြည့်ဖြစ်တယ်။ စနေနဲ့ တနင်္ဂနွေနေ့တိုင်း (၄) ကြိမ်ကနေ (၅) ကြိမ်အထိ ကြည့်တယ်။ ကျန်တဲ့ရက်တွေမှာ တစ်နေ့ (၂) ကြိမ် သွားကြည့်ဖြစ်တယ်။ ဘယ်ပြောနိုင်မလဲ အကြိမ် (၂၀၀) ထိ ဖြစ်ရင်ဖြစ်သွားနိုင်တာပဲလေ” လို့ သြဂတ်စတင်းက ဆိုခဲ့ပါတယ်။

Ref: CNN ” Man hopes to set a record by watching ‘Avengers: Endgame’ over 110 times ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top