COVID 19 အန္တရာယ် ကျော်လွှားနိုင်မယ့် နည်းတချို့ကို အသက် (၁၀၈) နှစ်အဘွားက မျှဝေ

27-3-2020-yyl-021.jpg

အခုဆို COVID 19 ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးနီးပါး ကူးစက်ပျံ့နှံ့သွားခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့သူတွေရှိသလို ပြန်လည်ကောင်းမွန်လာတဲ့ သူတွေလည်းရှိပါတယ်။ အသက် (၁၀၈) နှစ်အရွယ်အဘွားကလည်း သူ COVID 19 ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီပေးတဲ့အနေနဲ့ သူ့ရဲ့နည်းလမ်းတချို့ကို မျှဝေပေးထားပါတယ်။

၁၉၁၁ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အဘွား ဝီနီဖရက် ဘာဂိုနီဟာ ကမ္ဘာစစ်နှစ်ခုလုံးနဲ့ ၁၉၁၈ခုနှစ်က စပိန်တုပ်ကွေးအပါအဝင် ရေမတွက်နိုင်တဲ့ အရာတော်တော်များများကနေ အသက်ရှင်ခဲ့တာဖြစ်ပါတယ်။ သူဟာ စက်ရုံဝန်ထမ်းအဖြစ် အလုပ်လုပ်ရင်းနဲ့ သူ့ဘဝကို ကုန်ဆုံးခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်သားတွေအတွက် သေနတ်ထည့်တဲ့ ခါးပတ်အိတ်ကို ချုပ်လုပ်ပေးခဲ့ရပါတယ်။ အခုတော့ အဘွားဟာ သူ့ရဲ့ဘဝအတွေ့အကြုံတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို ကျော်လွှားဖို့ရာ နည်းလမ်းတချို့ မျှဝေပေးနေပါတယ်။

အဘွား ဝီနီဖရက်ဟာ ဘောစတွန်က စောင့်ရှောက်ရေးဂေယာမှာ နေထိုင်နေပါတယ်။ “မင်းက အခြားသူတွေနဲ့ ခပ်ခွာခွာနေရမယ်။ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုမယ်။ ကလေးလေးတွေကိုလည်း ဂရုစိုက်ဖို့လိုတယ်။ လူတွေက ကလေးနဲ့ပတ်သက်ပြီး အရေးဆုံးလုပ်တာက နမ်းတာပါပဲ။ ဒါက ဗိုင်းရပ်စ်တွေကို အလွယ်တကူပျံ့နှံ့သွားစေနိုင်ပါတယ်။ အရင်တုန်းကတော့ ကျွန်မအဆင်ပြေပါတယ်။ ဒါပေမဲ့ အခု ကျွန်မနားကပ်လာတဲ့သူတွေကို ကြောက်တယ်။ ဒါကြောင့် ကျွန်မကို မထိဖို့ သူတို့ကို ပြောရတယ်။ နောက် ဘာတွေဖြစ်မလဲဆိုတာ ကျွန်မတို့ မသိဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ရပါမယ်။ မင်းတို့သွားတဲ့ နေရာတိုင်းမှာ ရောဂါပိုးမွှားသတ်တဲ့ဆေးကို အသုံးပြုပါ” လို့ အဘွားက ပြောပါတယ်။

အဘွားရဲ့သမီးကလည်း “ကျွန်မရဲ့အမေက ဖိုက်တာတစ်ယောက်ပါ။ ထက်မြက်ပြီးကိုယ့်ကိုယ်ကို ရပ်တည်နိုင်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့နာမည်ပြောင်က (၆) ပေပါ။သူက အဲလောက်အရပ်မရှည်ပေမဲ့ (၆) ပေရှိတဲ့အမျိုးသားတွေလောက် သန်မာတဲ့အတွက်ကြောင့်ပါ။ အမေက ကျွန်မကိုမမွေးခင်က သူ့ရဲ့ဘဝတော်တော်များများကိုစက်ရုံမှာ ကုန်ဆုံးခဲ့ပါတယ်။ကျွန်မ အသက် (၁၀) နှစ်ထိ အိမ်ကနေ အလုပ်လုပ်နေတုန်းပါပဲ။၂၀၀၀ပြည့်နှစ်မှာ ကျွန်မရဲ့အဖေ၊ သူ့ခင်ပွန်းကိုဆုံးရှုံးခဲ့ရတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ၂၀၁၅ခုနှစ်မှာ စောင့်ရှောက်ရေးဂေယာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အမေက အသက်ရှည်ရှည်နေနိုင်တဲ့ နည်းကို အမြဲပြောလေ့ရှိပါတယ်။ ဒါက မိန်းမကောင်းဖြစ်ဖို့၊ သန့်သန့်ရှင်းရှင်းနေထိုင်ဖို့နဲ့ အမျိုးသားတွေနဲ့ မပတ်သက်ဖို့ပါပဲ။ ကျွန်မ အမေနဲ့ ဖုန်းကနေ အဆက်အသွယ်ရပါတယ်။ ကျွန်မတို့အားလုံး သူ့အတွက် အရမ်းဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။

အဘွား ဝီနီဖရက်က UK မှာ (၄၂) ယောက်မြောက် အသက်ကြီးဆုံးအဘွားဖြစ်ပြီး သူ့ရဲ့မွေးနေ့မှာ ဘုရင်မကြီးဆီကနေ စာ (၈) စောင်လက်ခံရရှိခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့စောင့်ရှောက်ရေးဂေယာကို အသွားအလာကန့်သတ်ထားပါတယ်။ ဒါကြောင့် သူ့ရဲ့သမီးက ဖုန်းကနေတဆင့် အဆက်အသွယ်လုပ်ရတာဖြစ်ပါတယ်။ အဘွားဝီနီဖရက်က ကုလားထိုင်လေ့ကျင့်ခန်းတွေ၊ သီချင်းနားထောင်တာတွေ လုပ်ဆောင်ရင်း စောင့်ရှောက်ရေးဂေယာမှာနေထိုင်နေပါတယ်။

Ref: Great-Grandmother, 108, Shares Tips On Getting Through Coronavirus Pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top