ထိုင်းရေတပ် ကယ်ဆယ်ရေးအဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ နည်းပြရှိမယ့်နေရာလို့ ထင်မှတ်ထားတဲ့ နေရာနားကို ရောက်ရှိဖို့ ပိုမိုနီးစပ်နေပြီလို့ ထိုင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းမြောက်ပိုင်းက လိုဏ်ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ကလေးတွေကို ၉ ရက်မြောက် ရှာဖွေနေပြီး လိုဏ်ဂူအတွင်းက ပတ္တရာကမ်းခြေနားကို ရောက်ရှိနေခဲ့ကာ မကြာမီမှာ ကလေးငယ်တွေရှိမယ့်နေရာကို ရောက်ရှိနိုင်တယ်လို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးတာနာခရွန်က ကလေးငယ်တွေ ရှိမယ့် နေရာနားနဲ့ ၂ ကီလိုမီတာနားကို ရောက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ချင်ရိုင်ခရိုင် ဒေသအုပ်ချုပ်ရေးမှူး အိုဆော့တာနာ ခရွန်က ထိုင်းရေတပ်အထူးတပ်ဖွဲ့ဟာ လိုဏ်ဂူအတွင်းက ကလေးငယ်တွေရှိမယ်လို့ ခန့်မှန်းထားတဲ့ နေရာနားကို ရောက်ရှိနေပြီး ကလေးငယ်များ ပိတ်မိနေတဲ့နေရာဟာ လိုဏ်ဂူအတွင်းထဲက ပတ္တရားကမ်းခြေ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။
လိုဏ်ဂူအတွင်းရှိတဲ့ ပတ္တရားကမ်းခြေကို ဦးတည်တဲ့လမ်းကြောင်းဟာ လိုဏ်ဂူ ဘယ်ခြမ်းဖြစ်ကြောင်း၊ ကလေးငယ်တွေ ရှိမယ့်နေရာနဲ့ ၂ ကီလိုမီတာ လောက်သာ ကွာဝေးတော့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ထိုင်းရေတပ် ကယ်ဆယ်ရေးအထူးအဖွဲ့ဟာ လိုဏ်ဂူ ညာဖက်လမ်းကြောင်းကိုလည်း သွားရောက်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
Ref: thaipbs “Rescue mission resumes ninth day seal units closer target area”
Kaung Htet Ngwe (ရိုးရာလေး)