MMA ကစားသမား မက်ဂရီဂေါ် အနားယူပြီလို့ ရုတ်တရက်ကြေညာ

55908444_2302063719824535_7281313504936591360_n.jpg

နာမည်ကျော် MMA ကစားသမား မက်ဂရီဂေါ်က သိုင်းပေါင်းစုံကစားသမားဘဝကနေ အနားယူပြီလို့ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ မက်ဂရီဂေါ်ဟာ နိတ်ဒီယက်ဇ်နဲ့ ထိုးသတ်ဖို့ စီစဉ်ထားတဲ့ပွဲစဉ်မတိုင်မီ အနားယူပြီလို့ ကြေညာခဲ့တာပါ။

မက်ဂရီဂေါ်ဟာ UFC ပြိုင်ပွဲရဲ့ မတူညီတဲ့ ဝိတ်တန်းနှစ်ရပ် (ဖယ်သာဝိတ်၊ လိုက်ဝိတ်) မှာ ချန်ပီယံရွှေခါးပတ် ဆက်တိုက်ဆွတ်ခူးနိုင်ပြီး အနားယူခဲ့တဲ့ ပထမဆုံးတိုက်ခိုက်ရေးကစားသမား ဖြစ်လာခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံသား မက်ဂရီဂေါ်ဟာ ရုရှားနိုင်ငံသား နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ UFC 229 ပွဲစဉ်အပြီး ရန်ပွဲဖြစ်ပွားခဲ့လို့ ပွဲထိုးခွင့်ပိတ်ပင်ခံထားရသူပါ။ နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့ပြီး (၅)လအကြာဖြစ်တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက်အစောပိုင်းမှာ မက်ဂရီဂေါ်က တွစ်တာစာမျက်နှာကတစ်ဆင့် အနားယူပြီလို့ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ကို ပရိသတ်တွေက မယုံနိုင်အောင်ဖြစ်ခဲ့ကြပြီး သတင်းတုဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ မက်ဂရီဂေါ်က ကြေညာချက်ထုတ်ပြန်ပြီး တစ်နာရီအကြာမှာ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ကြေညာချက်ကို အတည်ပြုခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ ကစားသမားဘဝတစ်လျှောက် MMA ပွဲစဉ် ၂၅ ပွဲ ထိုးသတ်ရာမှာ (၂၁) ပွဲနိုင်၊ (၄) ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့သူပါ။ မက်ဂရီဂေါ်ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း MMA ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top