ထိုင်းနိုင်ငံ ဖူးခက်မှာမြွေကိုက်ခံရတဲ့ မင်းသမီး လင်ဆေးလိုဟန်

rs_634x1004-171228102920-634.Lindsay-Lohan-Snake-Bite.jpg

ကမ္ဘာကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ လင်ဆေးလိုဟန်ဟာ ထိုင်းနိုင်ငံကို အားလပ်ရပ် အနားသွားယူချိန်မှာမြွေကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။အသက် ၃၁ နှစ်အရွယ်ရှိမင်းသမီး ဟာ သူမ မြွေကိုက်ခံရတဲ့အကြောင်းကို Instagram ရုပ်သံဖိုင်မှတဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။

လင်ဆေးလိုဟန် ဟာ သူမရဲ့ လူမူကွန်ရက် ပရိသတ်တွေကို ထိုင်းဖူးခက်ရှိ သူမရောက်ရှိနေတဲ့နေရာ တွေကိုလည်း ရုပ်သံဖိုင်ကနေ ပြသခဲ့တယ်လို့သိရပါတယ်။ လင်ဆေးလိုဟန်က ” ကျွန်မမြွေကိုက်ခံရတာက လွဲပြီး ဖူးခက်ကမ်းခြေ ဟာ လှပပြီး အံအားသင့်စရာကောင်းတဲ့နေရာတစ်ခုဖြစ်တယ်။ ဖူးခက် ကမ်းခြေကို နှစ်သက် မြတ်နိုးတယ် “လို့ပြောပါတယ်။ လင်ဆေးလိုဟန် ဟာ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာရှိနေချိန် က အပျော်သဘောနဲ့ တောလမ်းခရီးရှည်လမ်းလျှောက်သွားချိန်မှာ မြွေကိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။

လင်ဆေးလိုဟန် ဟာ ခရစ္စမတ်ကာလ က ထိုင်းနိုင်ငံ ဖူးခက် ကိုသွားရာက်အနားယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ လင်ဆေးလိုဟန် ဟာ မြွေကိုက်ခံရမှုကနေ ပြန်လည်သက်သာကောင်းမွန်နေပြီဖြစ်တယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Daily Mail : Lindsay Lohan bitten by a snake

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top