မွေးနေ့မှာ မာတာဂိုးသွင်းပေမဲ့ မန်ယူနဲ့ချဲလ်ဆီး သရေပွဲဖြစ်ခဲ့

58462103_2300113536698552_863619108913020928_n.jpg

မန်ယူနဲ့ ချဲလ်ဆီးပွဲစဉ်မှာတော့ တစ်ဂိုးစီသရေကျခဲ့လို့ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေပိုကောင်းခဲ့ပါတယ်။ ပွဲချိန် (၁၁) မိနစ်မှာ လူကာကူ မတင်ပေးလိုက်တဲ့ ဘောလုံးကို လုခ်ရှောရသွားပြီး ထပ်ဆင့်ပြန်ချိုးပေးတာကို မာတာက အဖွင့်ဂိုးအဖြစ် ကန်သွင်းယူခဲ့တာပါ။ ဒါဟာ (၅၂၇) မိနစ်အတွင်း ကစားကွက်ကတစ်ဆင့် မန်ယူအသင်း ပထမဆုံးရခဲ့တဲ့ဂိုးပါ။ မာတာဟာ မွေးနေ့မှာဂိုးသွင်းနိုင်ခဲ့တဲ့ တတိယမြောက်မန်ယူကစားသမား ဖြစ်လာခဲ့ပါတယ်။

ရူဒီဂါရဲ့အဝေးကန်ချက်ကို ဒီဂီယာဖမ်းရာမှာ ပြန်အန်ထွက်ခဲ့လို့ မားကို့စ်အလွန်ဆိုက ပြေးဝင်ကန်သွင်းပြီး ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူခဲ့

ဂိုးပေးလိုက်ရပြီးနောက်မှာ ချဲလ်ဆီးကတိုက်စစ်မြှင့်လာခဲ့ပြီး မန်ယူကတော့ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ ခြေစွမ်းမပြနိုင်ခဲ့လို့ မန်ယူအသင်း အခွင့်အရေးတချို့ ဆုံးရှုံးခဲ့ပါတယ်။ ပွဲချိန် (၄၃) မိနစ်မှာ ရူဒီဂါရဲ့အဝေးကန်ချက်ကို ဒီဂီယာဖမ်းရာမှာ ပြန်အန်ထွက်ခဲ့လို့ မားကို့စ်အလွန်ဆိုက ပြေးဝင်ကန်သွင်းပြီး ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ (၄) ပွဲမှာ ဂိုးပေးရလောက်တဲ့ အမှားကြီး (၃) ကြိမ်ကျူးလွန်မိခဲ့တဲ့ ဒီဂီယာဟာ အရင်က (၁၂၃) ပွဲ ကစားရာမှာ အဲဒီလို အမှား (၃) ကြိမ်ပဲ လုပ်ခဲ့ဖူးပါတယ်။

ဒုတိယပိုင်းမှာ အခွင့်အရေးသိပ်မရခဲ့ပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ (၂) သင်းလုံး ဂိုးရဖို့နီးစပ်ခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ရိုဂျို ခေါင်းတိုက်ရာမှာ ဂိုးသမား အက်ပီလီကူတာ အငိုက်မိနေခဲ့ပေမဲ့ ပက်ဒရိုက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့လို့ ချဲလ်ဆီး ဂိုးမပေးခဲ့ရတာပါ။ နောက်ဆုံးမိနစ်မှာ ဟီဂူအင် လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်သွင်းရာမှာ ဒီဂီယာနဲ့ထိထွက်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ သရေကျခဲ့လို့ ချဲလ်ဆီးက ရမှတ် (၆၈) မှတ်နဲ့ အဆင့် (၄) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မန်ယူကတော့ ရမှတ် (၆၅) မှတ်နဲ့ အဆင့် (၆) နေရာမှာ ရှိနေပါတယ်။

အခုပွဲစဉ်မတိုင်ခင် အစောပိုင်းမှာ ကစားခဲ့တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲစဉ်မှာ လက်စတာကို (၃) ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ကတော့ ရမှတ် (၆၆) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရှိနေပါတယ်။

အစောပိုင်းမှာကစားခဲ့တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲစဉ်မှာ လက်စတာကို (၃) ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ကတော့ ရမှတ် (၆၆) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရှိနေ

မန်စီးတီးကတော့ ဘန်လေကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အဂူရိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့

မန်စီးတီးကတော့ ဘန်လေကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အဂူရိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top