သခင်ဖြစ်သူ ဆာလာကို စောင့်မျှော်နေတဲ့ ခွေးကလေး နာလာ

dog.jpg

လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့ ကာဒစ်ဖ်အသင်း တိုက်စစ်မှူးသစ် အမ်မီလီယာနိုဆာလာရဲ့အစ်မကတော့ တွစ်တာပေါ်မှာ စိတ်ထိခိုက်စရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံ တင်ထားပါတယ်။ သခင်ဖြစ်သူ ဆာလာ အိမ်ပြန်လာမယ့်အချိန်ကို သူ့ရဲ့ခွေးကလေး နာလာက အိမ်ပေါက်ဝကနေ စောင့်မျှော်နေတဲ့ပုံဖြစ်ပါတယ်။ ခွေးကလေး နာလာဟာ အိမ်ပေါက်ဝကနေပြီး အဝေးကို မျှော်ငေးနေတာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံနဲ့အတူ ဆာလာရဲ့အစ်မ ရိုမီနာက ”နာလာလည်း မင်းကို စောင့်နေတယ်”လို့ ရေးသားထားပါတယ်။

ပြင်သစ်ကလပ် နန့်စ်အသင်းကနေ ကာဒစ်ဖ်အသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆာလာဟာ အသင်းသစ်ထံ ရွှေ့ပြောင်းလာချိန်မှာ သူလိုက်ပါလာတဲ့ လေယာဉ်ငယ်က အင်္ဂလိပ်ရေလက်ကြားပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ ဆာလာဟာ ကာဒစ်ဖ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ခွေးကလေး နာလာကိုလည်း ခေါ်သွားဖို့ စီစဉ်ထားတယ်လို့ သူ့အစ်မ ရိုမီနာက ပြောပါတယ်။

ဆာလာနဲ့ လေယာဉ်မှူး အစ်ဘော့ဆန်တို့ လိုက်ပါလာတဲ့ လေယာဉ်ငယ်ရဲ့ အပျက်အစီးထဲမှာ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနခွဲက အတည်ပြုပါတယ်။ ဆာလာ လိုက်ပါခဲ့တဲ့ Piper Malibu လေယာဉ်ငယ်ရဲ့ ကိုယ်ထည်ကို ဂူအန်ဆေးကျွန်းရဲ့ ကမ်းလွန်ဘက် ပင်လယ်ကြမ်းပြင်မှာ တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top