ပိုးဟပ်အကောင် (၁၀၀) ကို အိမ်ထဲ လွှတ်ထားခွင့်ပြုရင် အိမ်ပိုင်ရှင်တွေကို ဒေါ်လာ ၂၀၀၀ ပေးမယ့် ကုမ္ပဏီ

13-6-2022-yyl07.jpg

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က The Pest Informer ဆိုတဲ့ ကုမ္ပဏီက ပိုးဟပ် အကောင်ရေ (၁၀၀) ကို အိမ်ထဲလွှတ်ထားပေးနိုင်မယ့် အိမ်ပိုင်ရှင်တွေကို ဒေါ်လာ ၂၀၀၀ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ အဲဒီကုမ္ပဏီက တိကျတဲ့ပိုးမွှားထိန်းချုပ်ရေးနည်းပညာကို စမ်းသပ်ဖို့နဲ့ ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာ သိရဖို့အတွက် အိမ်ပိုင်ရှင်တွေကို အခုလိုကမ်းလှမ်းနေတာဖြစ်ပါတယ်။

လေ့လာချက်အတွက် အမေရိကန်ပိုးဟပ် အကောင်ရေ (၁၀၀) ကို အိမ်ထဲ လွှတ်ထားခွင့်ပြုမယ့် အိမ်ပိုင်ရှင်တွေထဲကနေ (၅) ဉီး (သို့) (၇) ဉီးရွေးချယ်သွားမှာဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုတဲ့ အိမ်ပိုင်ရှင်တွေက ကုမ္ပဏီကို ရုပ်ရှင်ရိုက်ခွင့်ပြုရမယ့်အပြင် တိကျတဲ့ပိုးဟပ်ကင်းစင်စေမယ့်နည်းကို စမ်းသပ်ဖို့လည်း ခွင့်ပြုပေးရမှာပါ။

လေ့လာမှုပြီးသွားလို့ အိမ်ထဲမှာ ပိုးဟပ်တွေ ပြန့်ပွားနေသေးတယ်ဆိုရင် ပိုးဟပ်ကင်းစင်စေမယ့် လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေကို အခမဲ့လုပ်ပေးသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

  • အိမ်ပိုင်ဆိုင်ရမည် (သို့) အိမ်ပိုင်ရှင်ထံမှ ခွင့်ပြုချက်ရှိရမည်
  • ၂၁ နှစ် (သို့) ၂၁ နှစ်အထက်ရှိသူဖြစ်ရမည်
  • အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူဖြစ်ရမည်
  • လေ့လာမှုကာလအတွင်း နောက်ထပ်ပိုးဟပ်ကင်းစင်စေမယ့်နည်းတွေကို အသုံးမပြုရ
    အစရှိတဲ့ အချက်တွေနဲ့ ကိုက်ညီသူတွေပဲ ရွေးချယ်ခံရမှာဖြစ်ပါတယ်။
    ဒီလေ့လာချက်က ရက် (၃၀) ကြာမှာဖြစ်ပြီး အသုံးပြုမယ့် ပိုးဟပ်ကင်းစင်စေမယ့်နည်းလမ်းတွေက မိသားစုနဲ့အိမ်မွေးတိရစ္ဆာန်တွေကို ဘေးကင်းစေတယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

Ref: FoxNews “North Carolina company offers to pay homeowners to release 100 cockroaches into their homes”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top