ကွင်းလယ်ဒိုင်နဲ့ အင်္ကျီချင်းလဲပြီး ဘွန်ဒက်စ်လီဂါကို နှုတ်ဆက်ခဲ့သူ

19-1-2021-yyl-20.jpg

ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ နောက်ခံလူ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရှော်လ်ကေးနဲ့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်နဲ့ အင်္ကျီချင်းလဲခဲ့ပါတယ်။
သာမန်ဆိုရင် ပွဲအပြီးမှာ ကစားသမားအချင်းချင်းသာ ဂျာစီအင်္ကျီ လဲလေ့ရှိတာကြောင့် အေဘရာဟမ်ရဲ့ လုပ်ရပ်က ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟမ်ဟာ ယခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ်အသင်းကနေ ထွက်ခွာတာ့မှာဖြစ်ပြီး ရှော်လ်ကေးနဲ့ပွဲက သူ့ရဲ့ နောက်ဆုံးဘွန်ဒက်စ်လီဂါပွဲစဉ်ပါ။ ပွဲအပြီးမှာတော့ သူက ကွင်းလယ်ဒိုင်နဲ့ အင်္ကျီချင်းအမှတ်တရ လဲခဲ့တာဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ၂၀၁၃ ခုနှစ်မှာ ဟော်ဖန်ဟမ်အသင်းနဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် စတင်ပွဲထွက်ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဖရန့်ဖတ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းအတွက် ပွဲပေါင်း ၁၃၈ ပွဲကစားပေးခဲ့ပြီး အောင်မြင်မှုအဖြစ် ဂျာမန်ပိုကယ်ဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top