ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ နာမည်ကြီးအစီအစဉ်တင်ဆက်သူ အယ်လန် ဒီဂျနက်ရက်စ်

11-12-2020-yyl-002.jpg

အမေရိကန်နိုင်ငံရဲ့နာမည်ကြီးတီဗီရှိုး The Ellen DeGeneres ကို ၂၀၀၃ခုနှစ်ကတည်း တင်ဆက်လာခဲ့တဲ့ အစီအစဉ်တင်ဆက်သူရော ထုတ်လုပ်သူရောဖြစ်တဲ့ အယ်လန် ဒီဂျနက်ရက်စ် (Ellen DeGeneres) ဟာ COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

အသက် ၆၂ နှစ်အရွယ် အယ်လန်ဟာ Notes အက်ပလီးကေးရှင်းမှာ ရေးသားထားတဲ့ထုတ်ပြန်ချက်ပါတဲ့ပုံတစ်ပုံကို တင်ခဲ့ပြီးတော့ ကိုဗစ်ကူးစက်ခံနေရကြောင်းထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ “ဟိုင်း…အားလုံးပဲ။ ကျွန်မ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ အခု ကျွန်မ နေထိုင်ကောင်းပါတယ်။ ကျွန်မနဲ့အနီးကပ်ထိတွေ့ခဲ့ဖူးတဲ့ သူတွေကို အသိပေးထားပြီး ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာတွေရဲ့လမ်းညွှန်ချက်တွေအားလုံးကို လိုက်နာနေပါတယ်။ အားလပ်ရက်တွေပြီးသွားရင် ကျွန်မတို့အားလုံး ပြန်တွေ့ကြမယ်။ ကျေးဇူးပြုပြီးကျန်းမာဘေးကင်းစွာနေကြပါ။ ချစ်တဲ့ အယ်လန်” လို့ ရေးသားထားပါတယ်။

အယ်လန်ရဲ့ဇနီး မင်းသမီး ပေါ်ရှာ ဒီ ရော့စီ ရောပဲ ကိုဗစ်ကူးစက်ခံထားရလားဆိုတာတော့ မသိရှိရသေးပါတယ်။ အယ်လန်ရဲ့ The Ellen Degeneres Show ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့်ရပ်နားထားရမှ အောက်တိုဘာလမှာတော့ ကြည့်ရှုသူအရေအတွက်ကန့်သတ်ဖိတ်ကြားပြီး ပြန်လည်ထုတ်လွှင့်ခဲ့တဲ့တီဗီရှိုးတွေထဲကတစ်ခုဖြစ်ပါတယ်။ အခုတော့ ဒီတီဗီရှိုးထုတ်လွှင့်မှုကို ဇန်နဝါရီလအထိ ရပ်နားထားလိုက်ပြီလို့ သိရပါတယ်။

Ref: ABCNews “Ellen DeGeneres says she tested positive for COVID-19, is ‘feeling fine right now’”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top