21-12-2020-yyl21.jpg

ဟောက်တတ်တဲ့သူဆိုရင် အိပ်စက်တဲ့ပုံစံအနေအထားကို ဂရုစိုက်ပါ

ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အိပ်စက်တဲ့ပုံစံအနေအထား တူတာလည်းရှိသလို မတူတာလည်းရှိပါတယ်။ တချို့က ဘေးတ‌စောင်းအနေအထားနဲ့မှ အိပ်ရတာ သက်တောင့်သက်သာရှိကြပြီး တချို့ကတော့ မောက်လျက်အနေအထားနဲ့ အိပ်တတ်ကြတာပါ။ အိပ်စက်တဲ့အနေအထားက သင့်ရဲ့အိပ်စက်ချိန်ကိုလည်း သက်ရောက်မှုရှိတဲ့အပြင် သင့်အသက်ရှုခြင်းကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဟောက်တတ်တဲ့သူတွေက သူတို့ရဲ့အိပ်စက်တဲ့ပုံစံအနေအထားနဲ့ပတ်သက်ပြီး…

organic-raw.jpg

အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ

လူတိုင်း တစ်နေကုန်လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေပါပဲ။ ဒါကြောင့် ဘယ်လိုအစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့…

131466904_215279006770681_7491944626429702212_n.jpg

ဆီးချိုရောဂါရှိသူများ သတိထားရမယ့် ကြွက်အန္တရာယ်

လွန်ခဲ့တဲ့ရက်ပိုင်းက ဆီးချိုရောဂါရှိသူတစ်ဦးရဲ့ ခြေထောက်ကို ကြွက်ကိုက်ခံရတာလဲ။ ဘာကြောင့်အခုလို ခြေထောက်ကြွက်ကိုက်ခံရတာလဲ။ ဆီးချိုရောဂါခံစားနေရသူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် စတဲ့အကြောင်းအရာတွေကို ဗီဒီယိုထဲမှာ အပြည့်အစုံဖော်ပြပေးထားပါတယ်။ Photos- ဖဝါးနုနု DIABETIC FOOT CLINICCherry(ရိုးရာလေး)

17-12-2020-yyl34.jpg

ဆောင်းရာသီမှာ အရိုးအဆစ်ကိုက်ခဲနာကျင်တာတွေမဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

ဆောင်းရာသီရဲ့အအေးဓာတ်ကို တဖြည်းဖြည်းနဲ့ ကြုံတွေ့နေရပါပြီ။ လူအမျိုးစုအတွက် ဆောင်းရာသီက ရာသီအပြောင်းအလဲလည်းဖြစ်တဲ့အပြင် အအေးဓာတ်က အဆစ်အမြစ်နာကျင်တာကို ခံစားရစေတာကြောင့်၊ အရိုးကျန်းမာရေးအတွက် ဂရုစိုက်ရတာကြောင့် နည်းနည်းအခက်အခဲဖြစ်စေတဲ့ ရာသီပါပဲ။ ဆောင်းရာသီမှာ ခါတိုင်းထက်ပိုပြီး အရိုးအဆစ်နာကျင်တာနဲ့ပတ်သက်ပြီး အသက်အရွယ်ကြီးရင့်တဲ့လူတော်တော်များများနဲ့ ကျန်းမာရေးမကောင်းတာသူတွေက ငြီးတွားမိကြပါတယ်။ လေဖက်နာရောဂါ၊…

17-12-2020-yyl30.jpg

ဆောင်းတွင်းကာလ အလွန်အမင်းအသားရေခြောက်သွေ့တတ်သူတွေအတွက် ထိန်းသိမ်းနည်းများ

ဆောင်းတွင်းလည်းရောက်နေပြီဖြစ်တဲ့အတွက် ကျွန်မတို့တွေရဲ့အသားရေတွေက ချမ်းအေးတဲ့ဒဏ်ကြောင့် တဖြည်းဖြည်းနဲ့ခြောက်သွေ့အက်ကွဲတာတွေဖြစ်လာတော့မှာဖြစ်ပါတယ်။ တချို့ဆိုရင် နဂိုကတည်းက အသားရေခြောက်သွေ့တတ်တဲ့အတွက် ဆောင်းရာသီမှာ အလွန်အမင်းခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ် အသားရေခြောက်သွေ့လာမယ်ဆိုရင် ယားယံတာ၊ အသားရေတင်းတင်းကြီးဖြစ်နေသလို ခံစားရမယ်အပြင် အချိန်ကြာလာတာနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဆောင်းရာသီမှာ သင်ဟာ အသားရေခြောက်သွေ့တာကို အလွန်အမင်းခံစားရတော့မယ်ဆိုရင် အသားရေကို…

16-12-2020-yyl05.jpg

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊ သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ ပုံမှန်ခေါင်းကိုက်ခြင်းများကဲ့သို့ သိပ်ပြီးစိုးရိမ်စရာ မရှိပေမဲ့လည်း…

15-12-2020-yyl20.jpg

ထမင်းစားပြီးနောက် ချိုတဲ့မုန့်တွေ စားချင်စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ

ထမင်းစားပြီးပြီးချင်မှာတောင် ချိုတဲ့အရာတစ်ခုခုကို စားချင်သလိုခံစားမိကြတယ်မလား။ ကျွန်တော်တို့က ထမင်းစားပြီးသွားရင် အဲတစ်ခုတည်းနဲ့ မရောင့်ရဲကြပါဘူး။ သွားရည်စာမုန့်တစ်ခုခုကို စားချင်မိကြပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုဖြစ်စဉ်က စတင်အလုပ်လုပ်ရတဲ့အတွက် စွမ်းအင်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အစာခြေဖျက်ဖို့အတွက် စွမ်းအင်လိုလာတာကြောင့် ထမင်းစားပြီးတာတောင် ချိုတဲ့အရာတစ်ခုခုကို တောင်းတကြတာဖြစ်ပါတယ်။ အချိုဓာတ်က…

14-12-2020-yyl-022.jpg

သကြားအများကြီးစားသုံးခြင်းက ကင်ဆာဆဲလ်တိုးပွားလာစေနိုင်တယ်လို့ လေ့လာချက်သစ်က ဆို

ကျန်းမာရေးနဲ့ပတ်သက်လာရင် သကြားက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ သကြားဓာတ်၊ အချိုဓာတ်တွေက ဝက်ခြံပေါက်တာ၊ ဆီးချိုရောဂါ အမျိုးအစား (၁) နဲ့ နှလုံးရောဂါတွေဖြစ်လာနိုင်ခြေများစေပါတယ်။ ဒီကြောင်းအရင်းတွေနဲ့တင်မလုံလောက်သေးဘူးဆိုရင် နောက်ထပ်အကြောင်းအရင်းရှိပါတယ်။ ဘယ်လ်ဂျီယမ်က သုတေသီတွေရဲ့လေ့လာချက်အရ သကြားဓာတ်၊ အချိုဓာတ်က ခန္ဓာကိုယ်အတွင်း ကင်ဆာအကျိတ်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တယ်လို့…

11-12-2020-yyl-039.jpg

ဆောင်းရာသီမှာ သားသားမီးမီးတွေကို ဒီအစားအစာတွေ မကျွေးပါနဲ့

ဆောင်းရာသီမှာဆိုရင် ကလေးငယ်တွေက လည်ချောင်းနာ၊ အအေးမိဖျားနာတာ၊ တုပ်ကွေးရောဂါ၊ အစာအိမ်နာတာ၊ အသားရေပြဿနာနဲ့ ရင်ကျပ်တာလို့ ဖျားနာမှုတွေ ပိုပြီးအဖြစ်များကြပါတယ်။ မိဘတွေက ဒီလိုရာသီမျိုးမှာ သားသားမီးမီးတွေ ဖျားနာမှုတွေမဖြစ်အောင် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေကို အစားအစာမှန်မှန်ကျွေးဖို့၊ ရေဓာတ်ပြည့်ဝစေဖို့၊ ကောင်းကောင်းအနားယူစေဖို့…

11-12-2020-yyl-031.jpg

ပန်ဒါမျက်လုံးလိုဖြစ်နေတဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းများ

ကပ်ရောဂါအတွင်းမှာ စားချိန်အိပ်ချိန်တွေ ကမောက်ကမဖြစ်နေတဲ့လူတချို့ရှိကြပါတယ်။ တချို့ဆိုရင် ဒီကာလအတွင်း စိတ်ဖိစီးမှုပိုများတဲ့အတွက် အိပ်ရေပျက်လာကြပါတယ်။ အဲဒီလိုအိပ်ချိန်မမှန်တော့ဘဲ အိပ်ရေပျက်တဲ့သူတွေက ပန်ဒါမျက်လုံးလို ဖြစ်လာကြပါတယ်။ အိပ်ရေပျက်တာများရင် မျက်ကွင်းညိုလာကြပါတယ်။ မျက်ကွင်းညိုတာကို မိတ်ကပ်နဲ့ဖုံးထားလို့ရပေမဲ့ ပါဝင်ပစ္စည်းတချို့နဲ့ မျက်လုံးတစ်ဝိုက်ကို ကုသပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုတာက လျော့ပါးသွားနိုင်ပါတယ်။…