1-12-2020-yyl-001.jpg

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းအချမ်းဓာတ်က တခြားနိုင်ငံတွေလောက် မပြင်းတာတောင် ညဘက်ဆို စိတ်အညစ်ရဆုံးက နှာစေး၊ နှာပိတ်ပြီး ဘယ်လိုမှ အိပ်မရတော့တာပါပဲ။ နှာစေးတာကမှ ဖြေသာနိုင်သေးတယ်။ နှာခေါင်းပိတ်တဲ့ ပြဿနာက လေရှူသွင်း၊ ရှူထုတ်တဲ့နေရာမှာ…

26-11-2020-yyl-021.jpg

ဆောင်းတွင်းကာလမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နည်း

တဖြည်းဖြည်းနဲ့ ဆောင်းရာသီ ဝင်လာနေပါပြီ။ ရာသီအပြောင်းအလဲကြောင့် ကူးစက်ရောဂါ၊ ဖျားနာတာ၊ ချောင်းဆိုးတာတွေဖြစ်လာနိုင်ပါတယ်။ အခုကာလက ကိုဗစ်ရောဂါကူးစက်တဲ့ကာလလည်းဖြစ်တဲ့အတွက် ဆောင်းရာသီမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နိုင်ဖို့ ပိုပြီးအရေးကြီးနေပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို မဖြစ်ခင်က ကြိုပြီးကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဆောင်းရာသီမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နိုင်မယ့်…

26-11-2020-yyl-001.jpg

ညဝတ်အင်္ကျီကို မလျှော်ဖွတ်ဘဲ (၂) ရက်ဆက်တိုက်မဝတ်သင့်တဲ့ အကြောင်းအရင်း

တချို့လူတွေက ညဝတ်အင်္ကျီကို ဝတ်ပြီးတန်းမလျှော်ပစ်ဘဲ နောက်နေ့တွေမှာ ပြန်ဝတ်တတ်ကြပါတယ်။ တချို့ကတော့ ညဝတ်အင်္ကျီကို တစ်ရက်လောက်ဝတ်ပြီး အဝတ်တောင်းထဲ ထည့်လိုက်ကြတာပါပဲ။ ညအိပ်ရုံတင်ဝတ်တဲ့ အဝတ်အစားတွေက အန္တရာယ်ကင်းတယ်လို့ ထင်ရပေမဲ့ နောက်ပိုင်းကြုံတွေ့လာရနိုင်ခြေရှိတဲ့ အကျိုးဆက်တွေရှိပါတယ်နော်။ ညဝတ်အင်္ကျီတစ်ထည်တည်းကို (၂) ရက်ထက်ပိုမဝတ်ရဘူးလို့ သိရပါတယ်။…

25-11-2020-yyl-040.jpg

သင့်ကျန်းမာရေးအတွက် ရိုးရှင်းလှတဲ့အချက် ၅ ချက်ကိုလိုက်နာပါ

ကျန်းမာရေး ကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေဖြစ်အောင်…

25-11-2020-yyl-001.jpg

ရေဓာတ်မပြည့်ဝအောင် သတိမထားမိဘဲ လုပ်မိနေတဲ့အမှားများ

ကျွန်တော်တို့ခန္ဓာကိုယ်ကို ရေ (၆၀) ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ။ တစ်နေ့တာကို ရေလုံလုံလောက်လောက်သောက်ပေးတာက အသားရေကြည်လင်စေဖို့အတွက်ရော ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပြီး ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက်ပါ မရှိမဖြစ်ပါပဲ။ ရေသောက်ပေးတာက ကျွန်တော်တို့လူသားတွေရဲ့စိတ်ကိုလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်။ ရေဓာတ်မလုံလောက်ရင် စိတ်မကြည်လင်တာတွေဖြစ်လာနိုင်ပါတယ်။…

24-11-2020-yyl-009.jpg

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။ လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့်ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ…

24-11-2020-yyl-001.jpg

Green Tea ကို ဆီးချိုရောဂါသည်တွေ ဘာလို့ သောက်သုံးပေးသင့်တာလဲ

ဆီးချိုရောဂါသည်တွေရဲ့ဘဝက သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးနေရတာပါပဲ။ ဆီးချိုရောဂါလက္ခဏာရပ်တွေကို ထိန်းဖို့အတွက်၊ ကျန်းမာတဲ့ဘဝနဲ့ နေထိုင်ဖို့အတွက် သူတို့စားတဲ့သောက်တဲ့အရာတွေကို သတိထားစားဖို့လည်း အရေးကြီးပါတယ်။ သူတို့စားသုံးတဲ့အစားအစာတွေက ကယ်လိုရီဓာတ်နည်းသင့်ပါတယ်။ ဆီးချိုရောဂါသည်နဲ့ သင့်တော်တဲ့သောက်စရာကတော့ Green Tea ဖြစ်ပါတယ်။ Green Tea ကို…

23-11-2020-yyl-024.jpg

အိပ်ချင်လျက်နဲ့ ပေတေပြီး မအိပ်ရင် ဘာတွေဖြစ်လာမလဲ

အိပ်စက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အိပ်စက်မှ ခန္ဓာကိုယ်ကြီးက အနားရပြီး နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုံလုံလောက်လောက် မအိပ်စက်ဘူးဆိုရင် ကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။ အိပ်မပျော်တဲ့ဝေဒနာ ဒါမှမဟုတ် အိပ်ချင်စိတ်မရှိလို့ အိပ်စက်တာက မဖြစ်မနေ ကုစားရမယ့် ကျန်းမာရေးပြဿနာဖြစ်ပါတယ်။…

20-11-2020-yyl-031.jpg

ရာသီစာဆီးဖြူသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ အများဆုံးရဖို့ဆိုရင်

ဆီးဖြူသီးက အအေးမိတာတိုက်ဖျက်ဖို့အတွက် စားသုံးပေးသင့်တဲ့ ရာသီစာအစားအစာပါပဲ။ ဆီးဖြူသီးက လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကို ထိခိုက်စေမယ့် ဆိုးကျိုးတွေကို လျော့ချပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။ ဆီးဖြူသီးကို တစ်နှစ်ပတ်လုံး ရရှိနိုင်အောင် စီမံထုတ်လုပ်ထားတာတွေ စူပါမားကတ်တွေမှာ ရှိပေမဲ့ ဆောင်းရာသီမှာတော့ လတ်လတ်ဆတ်ဆတ်စားရပါတယ်။…

19-11-2020-yyl-037.jpg

ခန္ဓာကိုယ်ရဲ့မဲညစ်နေတဲ့နေရာတွေကို ဖြူသွားစေမယ့် သဘာဝနည်းလမ်းတွေ

မိန်းကလေးအများစုရင်ဆိုင်နေရတဲ့ အလှအပပြဿနာတွေထဲကတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့အဓိကနေရာတွေမဲညစ်နေတာပါ။ ချိုင်း၊ ဒူးခေါင်း၊ ပေါင်ကြားလို နေရာတွေမှာ ဂရုမစိုက်ရင် မဲညစ်လာတတ်ကြပါတယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်တဲ့အခါ၊ ချွေးထွက်တဲ့အခါ၊ ဟောမုန်းအပြောင်းအလဲတဲ့အခါမျိုးတွေမှာ အရေပြားမဲညစ်လာတတ်ပါတယ်။ တကယ်လို့ ပေါင်ကြားမဲညစ်တာကြောင့် စိတ်ညစ်နေတယ်ဆိုရင် စိတ်ပူစရာမလိုပါဘူးနော်။ ဒီအရေပြားပြဿနာကို ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်းရှိပါတယ်။…