၁၀ နှစ်ကြာ ငြင်းပယ်ခံခဲ့ရတဲ့ Squid Game ဇာတ်ညွှန်း

9-21-2022-yyl-42.jpg

Netflix သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့တဲ့ Squid Game ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာ/ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်က ၂၀၀၈ ခုနှစ်ကတည်းက ရေးသားခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ပြီးစီးခဲ့ပေမဲ့ ”ယုတ္တိမဆန်ဘူး၊ ကြမ်းတမ်းလွန်းတယ်”ဆိုတဲ့ ယူဆချက်တွေကြောင့် စတူဒီယိုတွေက ရိုက်ကူးရေးလုပ်ဖို့ ငြင်းပယ်ခဲ့ကြပါတယ်။ ၁၀ နှစ်ကြာတဲ့အထိ ရိုက်ကူးပေးမယ့် စတူဒီယို ရှာမရခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်ကျမှ Netflix က နိုင်ငံခြားရုပ်ရှင်တွေ တိုးချဲ့ပြသမယ့် စီမံကိန်းအရ Squid Game စီးရီးကို ရိုက်ကူးဖို့ လက်ခံခဲ့တာပါ။

သူ့ဘဝအစောပိုင်းမှာ ကြုံရတဲ့ ငွေကြေးအဆင်မပြေမှုတွေအကြောင်း၊ တောင်ကိုရီးယားနိုင်ငံက လူတန်းစားမညီမျှမှုတွေအကြောင်းကို အခြေခံပြီး ဟွမ်ဒုန်ဟော့ခ်က ဒီဇာတ်ညွှန်းကို ရေးသားခဲ့တာပါ။ ဒီစီးရီးကို ရိုက်ကူးချိန်မှာ ဟွမ်ဒုန်ဟော့ခ်က ဖိအားတွေများပြီး သွား ၆ ချောင်း နုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Squid Game စီးရီးရဲ့ အောင်မြင်မှုကြောင့် ဟွမ်ဒုန်ဟော့ခ်ကလည်း အမ်မီဆုပေးပွဲမှာ ဒရာမာစီးရီးအတွက် အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးခဲ့ပြီး ဒီဆု ဆွတ်ခူးတဲ့ ပထမဆုံး တောင်ကိုရီးယားဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။

Ref: Squid Game

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top