တရုတ်အမျိုးသားတစ်ဦးဟာ ၂၆ ပေအမြင့်ရှိတဲ့ တံတားပေါ်ကနေ ခုန်ဆင်းပြီး မြစ်ထဲမှာ ရေနစ်နေတဲ့ မိန်းကလေးငယ်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ ကွမ်တုံပြည်နယ်၊ ချင်ယွမ်မြို့မှာ အခုလိုဖြစ်ရပ် ကြုံခဲ့တာပါ။ မိန်းကလေးငယ်ဟာ ကျောင်းကိုသွားရင်း ချော်လဲပြီး ရေစီးသန်တဲ့ မြစ်ထဲ ပြုတ်ကျသွားခဲ့တာပါ။
ရေနစ်နေတဲ့ မိန်းကလေးကို မြင်ချိန်မှာ လျူကျင်းကျီက တုံ့ဆိုင်းမနေဘဲ တံတားပေါ်ကနေ မြစ်ထဲ ခုန်ချသွားပြီး မိန်းကလေးငယ်ကို ကယ်တင်ခဲ့တာပါ။ လျူကျင်းကျီက မိန်းကလေးငယ်ကို တံတားဘက် ပြန်ခေါ်လာခဲ့ပြီးနောက် တံတားပေါ်မှာ ရှိနေသူတွေက မိန်းကလေးငယ်ကို ကြိုးနဲ့ဆွဲတင်ပေးခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ သူ့ကို ဆေးရုံတင်ပို့ခဲ့ကြပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာ ရခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
Ref: Hero Leaps To The Rescue: Daring Riverbank Jump Saves Drowning Girl
NZ ( ရိုးရာလေး)

