ပိုက်ဆံစုဖို့ ခက်နေတဲ့သူတွေ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့မေးခွန်းများ

mm1.png

သင်ဟာ လစာရဲ့တစိတ်တပိုင်းကို စုဖို့ အမြဲတမ်းစီစဉ်ထားပေမယ့် လစာထုတ်ပြီးလို့ ရက်အနည်းငယ်အကြာမှာ လစာကုန်ခါနီးလိုလို ဖြစ်နေပါသလား။ သင့်ရဲ့ငွေရေးကြေးရေးကို စနစ်တကျ ဘယ်လို စီမံပြီးသုံးရမလဲလို့ စဉ်းစားရခက်နေပါသလား။ တစ်ခါတရံ ကျွန်မတို့ လုပ်ဖို့လိုအပ်တာကတော့ အဖြေရှာဖို့အတွက် ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးဖို့ပါပဲ။ ကဲ….ပိုက်ဆံစုမယ်၊ စုမယ်နဲ့ မစုဖြစ်တဲ့သူတွေအတွက် ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့မေးခွန်းလေးတွေကတော့….

စည်းစနစ်တွေနဲ့ နေထိုင်ဖို့ ကြိုးစားပြီးပြီလား

ခဏခဏ ပိုက်ဆံစုဖို့ ကြိုးစားခဲ့ပေမယ့်လည်း ငွေမစုဖြစ်လိုက်ဘူးဆိုရင် တစ်လလုံးကို စည်းစနစ်တွေနဲ့ နေထိုင်ဖို့ ကြိုးစားကြပါ။ နောက်တခါ လစာထုတ်ရင် သင်ရဲ့အသုံးစရိတ်အားလုံးကို နည်းနိုင်သမျှနည်းအောင် ကြိုစားကြည့်ပါ။ အွန်လိုင်းကနေ အစားအစာမှာစားတာ၊ အပြင်မှာဝယ်စားတာထက် ထမင်းချိုင့်ထုတ်တာ၊ဈေးကြီးတဲ့ဘားတွေသွားတာထက် အိမ်မှာပဲ ပါတီလုပ်တာ၊ အလုပ်ကို တက္ကစီနဲ့သွားတာထက် အများသုံးဘတ်စကားနဲ့သွားတာတွေ ကြိုးစား လုပ်ဆောင်ကြည့်ပါ။ စည်းစနစ်နဲ့သုံးတဲ့အတွက် အပိုဝင်ငွေနဲ့ လကုန်ရောက်တာနဲ့ သင် သွားချင်နေတဲ့နေရာတွေကို သွားနိုင်သွားမှာပါ။

တစ်ခုခု မဝယ်ခင် စဉ်းစားရဲ့လား

ကျွန်မတို့အများစုက တစ်ခုခုဆို ဝယ်လိုက်ရမှ။ ကိုယ် တကယ်လိုအပ်လား၊မလိုအပ်လားဆိုတာကို မစဉ်းစားဘဲ ဝယ်ပစ်လိုက်ကြပါတယ်။ ဒါကြောင့် ငွေရှင်းကောင်တာကို ပစ္စည်းမရောက်ခင်မှာ အချိန်အနည်းငယ်ပေးပြီး စဉ်းစားကြည့်ပါ။ သင် ဒါကို တကယ်လိုအပ်တာလား။ တစ်လလောက်စောင့်ပြီးမှာ ဝယ်လို့ရလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်လိုက်ပါ။ အရေးကြီးဆုံးကတော့ ရှိပြီးသားတစ်ခုနဲ့ တူနေတာကို ဝယ်မိလားဆိုတာကို စဉ်းစားပါ။ဒီမေးခွန်းတွေဖြေဖို့ တစ်မိနစ်ထက် ပိုပြီး အချိန်ယူစရာမလိုပါဘူးနော်။ ဒါက သင် တကယ်မလိုအပ်တဲ့အရာကို မဝယ်ယူဖြစ်အောင် သင်ကို ကယ်တင်လိုက်တာပါပဲ။

အွန်လိုင်းကနေ ဈေးဝယ်ရတာကို စွဲလမ်းမိနေပြီလား

ကျွန်မတို့ဟာ ဖုန်းလေးနဲ့ အွန်လိုင်းကနေ လွယ်လွယ်ကူကူဈေးဝယ်လို့ရတာကို သိထားကြပါတယ်။ ကျွန်မတို့က အွန်လိုင်းရှော့ပင်းဆိုက်တွေနဲ့ အက်ပလီးကေးရှင်းတွေထဲဝင်ရင်း အချိန်ကုန်နေကြပြီး အကြောင်းပြချက်မရှိဘဲ
ပစ္စည်းတွေကို မှာယူနေကြပါတယ်။ ပိုက်ဆံစုချင်ရင်တော့ အွန်လိုင်းကနေ ဈေးဝယ်ခြင်းတွေကို နားထားလိုက်ပြီး စမတ်ကျကျ ဈေးဝယ်လိုက်ပါ။

အနာဂတ်ရည်မှန်းချက်က ဘာလဲ

သင်ကိုယ်တိုင် သတ်မှတ်ထားတဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး တွေးကြည့်ပါ။ အိမ်အသစ်၊ ကားအသစ် ဝယ်ချင်တာလား၊ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တာလား ဆိုတဲ့မေးခွန်းတွေကို သင့်ဘဝအနာဂတ်အတွက် စဉ်းစားကြည့်ပါ။ သင်ဖြစ်ချင်တဲ့အရာကို နားလည်သွားပြီဆိုရင်တော့ မလိုအပ်ဘဲ ပိုက်ဆံသုံးမိနေတဲ့အလေ့အကျင့်တွေကို ထိန်းချုပ်နိုင်သွားမှာပါ။

ဘယ်လို စပြီး ပိုက်ဆံစုသင့်လဲ

ပိုက်ဆံအများကြီးစုမယ်လို့ တွေးမထားသေးဘူးဆိုရင် ပိုက်ဆံပမာဏအနည်းငယ်ကနေ စပြီး စုလို့ရပါတယ်။ အဲဒါကနေ တဖြည်းဖြည်းနဲ့ ပမာဏ တိုးသွားလို့ရပါတယ်။ တစ်လကို ဘယ်လောက်စုမယ်ဆိုပြီး သတ်မှတ်ထားလို့ရပါတယ်။

ရိုးရာလေးစာဖတ်ပရိသတ်တွေလည်း ပိုက်ဆံစုဖို့ ခက်ခဲနေရင်တော့ ကိုယ့်ကိုယ်ကိုမေးခွန်းလေးတွေ ပြန်မေးလိုက်ကြပါဦးနော်…။

Ref: honest questions to ask yourself when you are struggling to save money
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top