မက်ဂွဲရားကို ခေါ်ဖို့စောင့်ကြည့်ခဲ့ပေမဲ့ လူကောင်ထွားလွန်းလို့မခေါ်ခဲ့တာလို့ ဒေးဗစ်မိုရက်စ်ပြော

68994405_2532889213408650_158888733112795136_n.jpg

နောက်ခံလူ မက်ဂွဲရားကို ခေါ်ယူဖို့စောင့်ကြည့်ခဲ့ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့် မခေါ်ဖြစ်ခဲ့တာလို့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ်ကပြောပါတယ်။ မန်ယူဟာ နွေရာသီအပြောင်းအရွှေ့မှာ လက်စတာနောက်ခံလူ မက်ဂွဲရားကို နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း (၈၀) ပေးပြီးခေါ်ယူခဲ့ပါတယ်။

ဒေးဗစ်မိုရက်စ်စောင့်ကြည့်ခဲ့ချိန်တုန်းကတော့ မက်ဂွဲရားဟာ ရှက်ဖီးယူနိုက်တက်မှာကစားနေတာပါ။ ”သူ့ကို စောင့်ကြည့်ခဲ့ပေမဲ့ ခေါ်ဖို့မကြိုးစားခဲ့ပါဘူး။ အောက်တန်းလိဂ်က ကစားသမားတွေကိုခေါ်ရင် ကျွန်တော် အရမ်းသတိထားပါတယ်။ အဲဗာတန်မှာ ကစားသမားဘဝတောက်ပလာနိုင်ဖို့ပေါ့။ အဲဒီနှစ်တွေအတွင်း တင်ကာဟေးလ်နဲ့ တခြားလူတွေကို ခေါ်ယူတုန်းကလည်း သတိထားခဲ့ပါတယ်။ မက်ဂွဲရားကိုလည်း ကျွန်တော် သတိထားမိတယ်။ ပရက်စတန်နော့အန့်အသင်းနဲ့ ကစားခဲ့တဲ့လိဂ်ပွဲစဉ်မှာ သူ့ခြေစွမ်းကိုကျွန်တော်ကြည့်ခဲ့ တယ်။ သူကကောင်းကောင်းကစားနိုင်ပေမဲ့ အဲဒီအချိန်ကတည်းက လူကောင်တော်တော်ထွားတယ်။ ငယ်ငယ်လေးနဲ့လူကောင်ထွားနေတော့ အသက်ကြီးလာရင် လူကောင် ဘယ် လောက်အထိကြီးလာမလဲလို့တွေးမိတယ်”လို့ မိုရက်စ်ကပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ ဂန္တဝင်ဝင်နည်းပြကြီးဖာဂူဆန် အနားယူသွားပြီးနောက်မှာ မန်ယူအသင်းက ဒေးဗစ်မိုရက်စ်ကို (၆) နှစ်စာချုပ်နဲ့ နည်းပြခန့်ခဲ့ပေမဲ့ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့လို့ (၁၀) လ အကြာမှာပဲ နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ မက်ဂွဲရားဟာ ချဲလ်ဆီးကို (၄) ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်ယူအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top