အင်္ဂလိပ်စာလေ့လာသူများအတွက် အသုံးဝင်မယ့် App

81yXjPEI6bL.png

အခြေခံ အင်္ဂလိပ်စာ ဘာသာကို လေ့လာသူတွေအတွက် အသုံးဝင်မယ့် မိုဘိုင်း App တစ်ခုကို ရိုးရာလေးရဲ့ ပရိသတ်တွေအတွက် လမ်းညွှန်ပေးချင်ပါတယ်။

Johnny Grammar’s Word Challenge လို့အမည်ရတဲ့ ဒီ App ဟာ ဂိမ်းတစ်ခုဖြစ်ပြီး ဒီ App ကို ဖန်တီးထားတာကတော့ အင်္ဂလိပ်စာ သင်ကြားရာမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ဗြိတိသျှကောင်စီပဲ ဖြစ်ပါတယ်။

ဒီ App ထဲမှာဆိုရင် Grammar လေ့ကျင့်ခန်းတွေ၊ ဝေါဟာရ အသုံးအနှုန်းတွေ၊ စာလုံးပေါင်းတွေကို လေ့လာရမှာဖြစ်ပြီး ဂိမ်းတစ်ခုလို စက္ကန့် ၆၀စာ မေးခွန်းတွေကို  မြန်မြန်ဆန်ဆန် ဖြေဆိုရမှာ ဖြစ်ပါတယ်။ Level ၃မျိုးရှိလို့ တဆင့်ချင်း လေ့လာနိုင်သလို မေးခွန်းပုံစံတွေ၊ Prepositions, Irregular verbs, Conjunctions တွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာလေ့ကျင့်နိုင်ဖို့ App ကို အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူတွေနဲ့လည်း ရမှတ် ယှဉ်ပြိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီ App ကို Play store မှာ https://goo.gl/uUVZZU ကနေတဆင့် ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top