အလေးချိန် ပေါင် ၇၀၀၀ ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလှူဒါန်းခဲ့တဲ့ ပရဟိတဥယျာဉ်မှူး

17.11.23-yyl-2.jpg

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်က အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးဟာ သူ့ရဲ့ ခြံဝင်းထဲမှာ သီးနှံပင်တွေ စိုက်ပျိုးပြီး အကျိုးအမြတ် အဓိကမထားတဲ့ ဒေသခံအဖွဲ့အစည်းထံ လှူဒါန်းလာခဲ့ရာမှာ အခုဆိုရင် ဟင်းသီးဟင်းရွက် အလေးချိန် ပေါင် ၇၀၀၀ အထိ လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကရဲ့ အနာဂတ်တောင်သူများ( FFA)အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လောရင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပတ်ဝန်းကျင်မှာ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ ရှားပါးနေမှန်း သတိထားမိပြီး မိသားစုပိုင် ခြံဝင်းထဲမှာ သီးပင်စားပင်တွေ စတင်စိုက်ပျိုးခဲ့တာပါ။

စစချင်းတော့ သူ့စိုက်ခင်းက ဧကတစ်ဝက်ပဲ ရှိပါတယ်။ နောက်တော့ FFA ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ သူ့စိုက်ခင်းကို တစ်ဧကအပြည့် တိုးချဲ့နိုင်ခဲ့ပြီး သီးနှံတွေကို ပိုးမွှားမကျအောင် ကာရံနိုင်ခဲ့ပါတယ်။ သူဟာ ခရမ်းချဉ်၊ အာလူး၊ ငရုပ်ပွ၊ ပန်းစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံ၊ သခွားဖရုံတွေအပါအဝင် သီးပင်စားပင် အမျိုးအစား ၂၀ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

လောရင်းဟာ ၂ နှစ်တာကာလအတွင်း အလေးချိန် ပေါင် ၇၀၀၀ ရှိတဲ့ အသီးအနှံတွေကို လှူဒါန်းနိုင်ခဲ့တာပါ။ အထက်တန်းကျောင်း ပြီးဆုံးမယ့် ၂၀၂၅ ခုနှစ်အရောက်မှာ အလေးချိန် ပေါင် ၂၀၀၀၀ ရှိတဲ့ အသီးအနှံတွေ လှူဒါန်းနိုင်ရမယ်လို့ ရည်မှန်းထားတဲ့ လောရင်းကတော့ သူ့စိုက်ခင်းထဲမှာ နာရီ ၁၀၀၀ ကြာ အလုပ်လုပ်ခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း Calamus-Wheatland အထက်တန်းကျောင်းရဲ့ အထူးဆု ချီးမြှင့်ခြင်းလည်း ခံခဲ့ရပါတယ်။

Ref: High School Student Grows 7,000 Pounds Of Vegetables, Then Gives It All Away

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top