၁၈ ရာစု အိန္ဒိယဘုရင်ရဲ့ဓား စံချိန်တင်ဈေးနှုန်းနဲ့ လေလံအောင်

25.5.2023-yyl-5.jpg

၁၈ ရာစု အိန္ဒိယဘုရင် တီပူဆူလ်တန်ရဲ့ဓားဟာ လန်ဒန်မြို့ လေလံပွဲမှာ ပေါင် ၁၄ သန်းနဲ့ လေလံအောင်ပါတယ်။ ဒါဟာ ခန့်မှန်းဈေးနှုန်းထက် ၇ ဆ ပိုများပြီး အိန္ဒိယနဲ့သက်ဆိုင်တဲ့၊ အစ္စလာမ်နဲ့ သက်ဆိုင်တဲ့ အရာတစ်ခုအတွက် လေလံပွဲမှာ အမြင့်ဆုံးဈေး ရရှိမှုဖြစ်ပါတယ်။

တီပူဟာ ၁၇၈၂ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်ကြားကာလအတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်း မိုင်ဆိုးရ်ပြည်နယ်ကို အုပ်ချုပ်ခဲ့ပြီး သူ့ရဲ့အာဏာစက်ကို လုံးဝအထိပါးမခံတာကြောင့် မိုင်ဆိုးရ်ကျားလို့ အမည်တွင်ခဲ့သူပါ။ သူဟာ စစ်ပွဲတွေမှာ အမြောက်ဆန်အသုံးပြုမှုကို စတင်ဖော်ဆောင်ခဲ့သူဖြစ်ပြီး မိုင်ဆိုးရ်ပြည်နယ်ကို အိန္ဒိယရဲ့ အဓိကအကျဆုံး စီးပွားရေးအင်အား ဖြစ်အောင် အသွင်ပြောင်းခဲ့သူပါ။

၁၇၉၉ ခုနှစ်၊ မေလ ၄ ရက်မှာတော့ ဗြိတိသျှစစ်သားတွေက တီပူရဲ့နန်းတော်ထဲ ဝင်ရောက်စီးနင်းခဲ့ပြီး သူ့ကို သတ်ခဲ့ကြတာပါ။ သူ့ရဲ့နန်းဆောင်ထဲကနေ ဒီဓားကို တွေ့ရှိခဲ့တာဖြစ်ပြီး ဗြိတိသျှတပ်မှူး ဒေးဗစ်ဘာ့ဒ်ထံ ပေးအပ်ခဲ့ကြတာပါ။ ဓားလက်ကိုင်မှာ ရွှေစာလုံးတွေ ဖော်ထားပြီး ဓားပေါ်မှာတော့ ပါရှန်ဘာသာစကားနဲ့ ဓားပိုင်ရှင်အမည်ကို ရေးသားထားပါတယ်။

၁၆ ရာစုက အိန္ဒိယမှာ စတင်ခဲ့တဲ့ ဂျာမန်ဓားသွားပုံစံအတိုင်း မဂိုလ်ပန်းပဲဆရာတွေက ဒီဓားကို လုပ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က လေလံပွဲမှာ လေလံဆွဲသူနှစ်ဦးက ဖုန်းနဲ့အပြိုင် အကြိတ်အနယ် လေလံဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

Ref: Sword of Indian ruler slain by British sells for more than $17 million at auction

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top