ဇရာထောက်ခြင်းကို ကာကွယ်ပေးပြီး လူတွေကို ပြန်လည်ကျန်းမာနုပျိုနိုင်စေတဲ့ ဆေးအသစ် တီထွင်

40883829_319524985470915_4406472188966731776_n.jpg

အဆိုပါ ဆေးဝါးအသစ်ဟာ လူတွေကို နှစ် ၅၀ လောက်အထိ ပြန်လည် ငယ်ရွယ်နုပျို လာစေနိုင်ပြီး အသက် ၁၅၀ အရွယ်အထိ အသက်ရှည်စေနိုင်မယ်လို့ သိရပါတယ်။ဆေးကို တီထွင်သူ ဟားဗက်တက္ကသိုလ် ပါမောက္ခ ဒေးဗစ်ဆင်ကလဲယား ( David Sinclair) နဲ့ သုတေတနအဖွဲ့က

ဒီဆေးဝါးဟာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ပြန်လည် က်န်းမာသန်စွမ်းလာစေမှာဖြစ်ပြီး လေဖြတ်ရောဂါသည်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပြန်လည်လှုပ်ရှားလာနိုင်ကြတာကို တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။(၂၀၂၀) ခုနှစ်မှာ လူတွေကို စတင် စမ်းသပ်သုတေသနပြုတော့မယ့် ဆေးအသစ်တစ်ခုဖြစ်ပြီး နောက်ငါးနှစ်ကာလအတွင်းမှာ ကော်ဖီတစ်ခွက်စာ ဈေးနှုန်းနဲ့ ဒီဆေးဝါးကို စတင်ပြီး ဖြန့်ဖြူးနိုင်မယ်လို့ ဆင်ကလဲယား က ယုံကြည်နေပါတယ်။

ပါမောက္ခ ဆင်ကလဲယားကိုယ်တိုင်လည်း ဒီဆေးဝါးကို သုံးစွဲခဲ့ရာမှာ သူ့ရဲ့ ရုပ်ဇီဝအသက်ဟာ ၂၄ နှစ်စာ ပြန်လည်နုပျိုသွားသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။အသက် ၇၉ နှစ်အရွယ် သူ့အဖေကိုလည်း လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က ဆေးဝါးသုံးစွဲစေခဲ့ရာမှာ လက်ရှိအချိန်ထိ ကျန်းမာသန်စွမ်းနေပြီး ဥရောပတစ်ခွင်ခရီးလှည့်နေနိုင်ခဲ့သလို အသက် ၄၀ မှာ သွေးဆုံးခဲ့တဲ့ ခယ်မဖြစ်သူကို သုံးစွဲစေခဲ့ရာမှာလည်း ကလေးမွေးနိုင်တဲ့ အခြေအနေပြန်ဖြစ်လာခဲ့ တယ်လို့ ဆင်ကလဲယားက ပြောပြသွားခဲ့ပါတယ်။

Ref: dailymail “Stunning anti-ageing breakthrough could see humans live to 150 and regenerate organs by 2020 ‘for the price of a coffee a day”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top