ဘရာဇီးနိုင်ငံမှာ ရဲတပ်ဖွဲ့သပိတ်မှောက်တဲ့ ပထမ ၅ ရက်အတွင်း လူသတ်မှု ၅ ဆ မြင့်တက်

25feb202003.jpg

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဆီရာပြည်နယ်မှာ စစ်တပ်ရဲတပ်ဖွဲ့ဝင်တွေ သပိတ်မှောက်ခဲ့တဲ့ ပထမ ၅ ရက်အတွင်း လူ ၁၄၇ ယောက် အသတ်ခံခဲ့ရ တယ်လို့ ဘရာဇီးနိုင်ငံ အာဏာပိုင်တွေက ပြောပါတယ်။ ဆီရာပြည်နယ်ရဲ့ လမ်းတွေပေါ်မှာ စစ်သည်တွေကို လှည့်ကင်းချခဲ့သော်လည်း လူသတ်မှုနှုန်းက ပုံမှန်ထက် ၅ ဆ မြင့်တက်နေပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် နွေရာသီ အားလပ်ရက်ကာလကျရင် ကျင်းပလေ့ရှိတဲ့ ကာနီဗယ်ပွဲတော်ကို မြို့တော်တော် များများမှာ ဖျက်သိမ်းခဲ့ပါတယ်။ စစ်တပ်ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်ကစတင်သပိတ်မှောက်ခဲ့ကြပြီး လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ဥပဒေအရ ရဲအရာရှိတွေကို သပိတ်မမှောက်ဖို့ တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ရင် ထောင်ဒဏ်ချ မှတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆီရာပြည်နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သပိတ်မှောက် ရဲအရာရှိ ၂၀၀ ကျော်ကို ရာထူးကနေ ဆိုင်းငံ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့သပိတ်မှောက်မှုကို စစ်တပ်က တုံ့ပြန်လှုပ်ရှား ရာမှာ ကြီးကြပ်ဖို့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကာကွယ်ရေးဝန်ကြီး ဖာနန်ဒိုဆေးလ်ဗားနဲ့ တရားရေးဝန်ကြီး ဆာဂျီယိုမိုရိုတို့က ကီရာပြည်နယ်မြို့တော် ဖော်တလီဇာကို လာရောက်ခဲ့ပါတယ်။ ”အခုတော့ အခြေအနေကို ထိန်းချုပ်နိုင်ပါပြီ”လို့ ဆာဂျီယိုမိုရိုက ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဆီရာပြည်နယ် ဆိုဘရယ်မြို့မှာ သပိတ်မှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အတားအဆီးတွေကို မြေတူးစက်နဲ့ ရှင်းဖို့ကြိုးစားခဲ့တဲ့ ဘရာဇီးအထက်လွှတ်တော်အမတ် ဆစ်ဂိုမက်စ် ရော်ဘာကျည်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top