တစ်ဆိုင်လုံးက ဖိနပ်တွေဝယ်ပြီး ရေဘေးသင့်သူတွေကို ကူညီခဲ့သူ

in3.jpg

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း ပြည်နယ်တော်တော်များများမှာ သမိုင်းဝင်ရေကြီးရေလျှံမှု ကြုံခဲ့ရလို့ နေရပ်စွန့်ခွာခဲ့ရသူ ထောင်ချီ ရှိခဲ့ပါတယ်။ အိုင်အိုဝါ၊ နီဘရာစကာ၊ ဝစ်ကိုဆင်၊ မင်နီဆိုတာ၊ တောင်ပိုင်းဒါကိုတာ ပြည်နယ်တွေမှာ နေထိုင်သူ တော်တော်များများအတွက်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ အချိန်နှေးကွေးတယ်လို့ ယူဆစရာပါ။

ရေဘေးသင့်သူတွေအတွက် စေတနာရှင်တွေရဲ့ လှူဒါန်းမှုသတင်းတွေကတော့ ဝမ်းမြောက်စရာဖြစ်ခဲ့ရပါတယ်။ အဲဒီအလှူရှင်တွေထဲမှာ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး အန်ဒီထရစ် ပါပါတယ်။ အန်ဒီထရစ်ဟာ သူ နေထိုင်တဲ့ဒေသက ဖိနပ်ဆိုင်တစ်ဆိုင် ပိတ်တော့မှာမို့လို့ ဈေးလျှော့ရောင်းနေတာကို သတိပြုမိခဲ့ပါတယ်။ သူဟာ ရေဘေးသင့်သူတွေကို လှူဒါန်းဖို့အတွက် ဖိနပ်ဆိုင်က ဖိနပ်အားလုံးကို ဝယ်ယူခဲ့ပါတယ်။

ပုံမှန်အတိုင်းဆိုရင် ဖိနပ် (၂၀၄) ရံအတွက် အမေရိကန်ဒေါ်လာ (၆၀၀၀) ပေးရမှာပါ။ ဒါပေမဲ့ အန်ဒီထရစ်ဟာ ဖိနပ်ဆိုင်ပိုင်ရှင်နဲ့ (၂) နာရီလောက် ဆွေးနွေးပြီးနောက်မှာတော့ ဖိနပ်အားလုံးကို အမေရိကန်ဒေါ်လာ (၁၀၀) နဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဖိနပ် (၂၀၄) ရံထဲမှာ (၁၆၂) ရံက ကလေးစီးဖိနပ်တွေပါ။ ကျန်တဲ့ဖိနပ်တွေထဲမှာ အမျိုးသားစီးဖိနပ် (၂) ရံပဲပါပြီး လက်ကျန်ဖိနပ်အားလုံး အမျိုးသမီးစီးတွေချည်းပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top