နိုင်ငံခြားတွင် ကျောင်းတက်ဖို့ရန် သိထားသင့်သည့် အချက်များ

happy-collage-students.jpg

လူငယ်တွေအနေနဲ့ နိုင်ငံခြား၌ကျောင်းတက်ခွင့် ရရှိဖို့ကတော့အိမ်မက်တစ်ခုပါပဲ။ ပြည်ပသို့ ပညာ သင်ကြားခွင့်ရရှိသူ အများစုကတော့ ငွေကြေး တတ်နိုင် (သို့) ပညာသင်ဆု ရရှိထားတဲ့ကျောင်းသား တွေဖြစ်ပါတယ်။ နိုင်ငံခြား၌ကျောင်း တက်ရာတွင် လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ မိမိအနေနဲ့ ရေမြေမတူတဲ့နေရာ သို့ သွားရောက်နေထိုင်ရမှာဖြစ်လို့ သိသင့်သိထိုက်တဲ့အချက် တွေကိုတော့ မှတ်ထားဖို့လိုပါမယ်။ ဒါကြောင့် အခုတင်ပြမယ့် အချက်တွေက ကူညီရာရောက်မယ် လို့ထင် မြင်မိပါတယ်။

၁။ မိမိသင်ကြားခဲ့တဲ့ အတန်းတွေ လွှဲပြောင်းရမရ စစ်ဆေးပါ။

မိမိအနေနဲ့ မိခင်နိုင်ငံက တက္ကသိုလ်မှာ သင်ယူခဲ့တဲ့ အတန်းတွေ (ဘာသာရပ်)ကို နိုင်ငံခြားရှိမိမိတက်ရောက်မယ့် တက္ကသိုလ် သို့ လွှဲပြောင်းရမရစစ်ဆေးပါ။ သို့သော် မိမိအနေနဲ့အထက်တန်းအဆင့်ပဲ တက်ထားတယ်ဆိုရင်တော့ ထိုအ ကြောင်းအရာကိုတွေးဖို့ မလိုအပ်ပါဘူး။ မြန်မာ နိုင်ငံကနေ နိုင်ငံခြားသို့ တက္ကသိုလ်တက်မယ်ဆိုရင်တော့အနည်းဆုံး အထက်တန်း အောင်ထား ရမယ့် အပြင် တက္ကသိုလ် (၂)နှစ်ခန့်အထိ ပြီးထားရင်အကောင်းဆုံးပါ။ အကြောင်းကတော့ (၁၂) တန်းအောင်မြင်ပြီးထားရမှာ ဖြစ်လို့ပါ။ GED (General Education Development) လို့ခေါ်တဲ့ အထက်တန်းစာမေးပွဲတွေ ဖြေဆိုပြီးထားရင်လည်း ရပါတယ်။ ဒါ့အပြင် TOEFL, IELTS စတဲ့အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများလည်း အမှတ်ကောင်း ကောင်းနဲ့ ဖြေထား
ရမှာဖြစ်ပါတယ်။

၂။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ လူတွေနဲ့ မေးမြန်းပါ။

အရေးကြီးတာက မိမိအနေနဲ့ သွားလိုတဲ့ တက္ကသိုလ်နဲ့ တက်ရောက်လိုတဲ့ ဘာသာရပ် (မေဂျာ)မှာ တက်နေတဲ့ ကျောင်းသား (သို့) ကျောင်းပြီး ထားတဲ့ အသိတွေကို သူတို့ရဲ့အတွေ့အကြုံတွေကို မေးမြန်းပါ။ ဒါမှလည်း မိမိအနေနဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ
ပြင်ဆင်ထားနိုင်မှာပါ။

၃။ပညာသင်စရိတ်အတွက် အကူအညီရှာပါ။

နိုင်ငံခြားမှာကျောင်းတက်ဖို့ လိုအပ်မယ့်ငွေကြေးကို တွက်ချက်ပါ။ မိမိအနေနဲ့ ငွေကြေးမတတ်နိုင်တဲ့ သူဆိုရင်တော့ အဖွဲ့အစည်းတွေကနေ ပညာသင် ဆုတွေကိုလျှောက်ထားပါ။ ဒါ့အပြင် တက်ရောက်လိုသည့် တက္ကသိုလ်၌ ပညာသင်ဆု အစီအစဥ်များရှိမရှိ စုံစမ်းပါ။ တစ်ချို့ကျောင်း တွေအနေနဲ့ တစ်စိတ်တစ်ပိုင်း ပညာ သင်ဆုပေးလို့ပါ။

၄။ လိုအပ်မယ့်စာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။

အချို့နိုင်ငံတွေကတော့ ကျောင်းသားဗီဇာ ကြိုတင်လျှောက်ထားရပါတယ်။ ဒါကြောင့်မိမိအနေနဲ့ မသွားခင်ကြိုတင်လျှောက်ထားဖို့နဲ့ သက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ် လည်း ရှိထားရမှာဖြစ်တယ်။

၅။ကျန်းမာရေးစစ်ဆေးမှုခံယူထားပါ။

ရေခြားမြေခြားသို့ သွားရောက်ရတဲ့အတွက် မိမိအနေနဲ့ ဆရာ၀န်တွေနဲ့ တွေ့ပြီး ဆေးစစ်မှုခံယူ သင့်ပါတယ်။ ဒါမှလည်း မိမိသွားရောက် နေထိုင်မယ့်နေရာ အတွက်ဘာ တွေကြိုတင်ပြင်ဆင်ထားရမလဲ၊ ဘယ်လိုဆေး၀ါးတွေ ရှောင်ထား ရမလဲဆိုတာကိုဆရာ၀န်နဲ့ တိုင်ပင်ပြီးပြင်ဆင်ထားသင့်ပါတယ်။

၆။ အာမခံများကို ပြင်ဆင်ထားပါ။

ကျန်းမာရေးအာမခံများ လိုပါတယ်။ တစ်ချို့အခြေအနေတွေမှာ ကျောင်းက တစ်စိတ်တစ်ပိုင်းထောက်ပံ့ပါတယ်။ သို့သော် မိမိအနေနဲ့ ကျန်းမာရေး ကုသစရိတ်အတွက် ကျန်းမာရေး အာမခံ များရှိထားရပါမယ်။ သင့်အနေနဲ့ ထိုအာ မခံများရှိထားရင် ပြည်တွင်း၌သာမက ပြည်ပတွင်လည်း ထို အာမခံများ သုံးရမရ ကို စုံစမ်းထားရပါမယ်။

၇။ အသိမိတ်ဆွေနဲ့ အဆက်အသွယ်လုပ်ထားပါ။

မိမိသွားရောက်နေထိုင်တဲ့နေရာမှာ အသိမိတ်ဆွေများရှိမရှိ ဆက်သွယ်ထားပါ။ ဒါမှလည်းအရေးအကြောင်း ဆိုရင် အကူအညီများ တောင်းခံဖို့လွယ် ကူနိုင် မှာဖြစ်တယ်။ ဒါ့အပြင် မိမိအနေနဲ့ အမြဲထိတွေ့ဆက်ဆံလို့ရပြီး ရိုင်းပင်းကူညီနိုင်ပါတယ်။

၈။နယ်မြေရဲ့ ယဥ်ကျေးမှုကို သိထားပါ။

မိမိသွားလိုတဲ့နိုင်ငံရဲ့ ဘာသာစကားကို တတ်ထားသည့်တိုင် ထိုနိုင်ငံရဲ့ ယဥ်ကျေးမှုတွေကို တော့အနည်းနဲ့အများ သိထားသင့်ပါတယ်။ ဒါမှလည်း မိမိအနေနဲ့ နယ်မြေခံတွေနဲ့ နေထိုင်ရာမှာသဟဇာတ ဖြစ်မှာပါ။ မိတ်ဆွေအပေါင်း အသင်းများကို မည်သို့ရှာနိုင်လဲဆိုတာကိုလည်း သိထားရမှာပါ။

၉။ လုပ်ချင်လိုတဲ့ အရာတွေနဲ့ အလည်အပတ် နေရာတွေကိုသိထားပါ။

မိမိအနေနဲ့ နိုင်ငံခြားကို ကျောင်းသွားတက်ရုံ တစ်ခုထဲမဟုတ်ပဲ ထိုနိုင်ငံကိုလည်း ဘယ်လိုစူးစမ်း လေ့လာနိုင် အောင်လည်းပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ မည်သည့် အရာတွေကို လုပ်နိုင်မလဲ၊ မည် သည့်နေရာ တွေကို လေ့လာလည် ပတ်နိုင်မ လဲဆို တာကို လည်းသိထားရင် အကောင်းဆုံးပါ။ ဒါမှလည်း ကျောင်း တက်ပြီး ထိုနိုင်ငံ ကို အပြည့်အစုံ သိနိုင်မှာဖြစ်တယ်။

၁၀။ အရေးပေါ် အခြေအနေတွေအတွက် အချက်အလက်ရယူထားပါ။

နယ်မြေခြားမှာ သွားရောက်နေထိုင်ရတဲ့အတွက် ပြဿနာ၊ အန္တရာယ် တွေနဲ့ မမျှော်လင့်ထားတဲ့အရာ တွေနဲ့ ကြုံဆုံလာခဲ့ရင် ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်၊အကူညီပေးနိုင်တဲ့ အဖွဲ့အစည်းရဲ့ အချက် အလက်တွေကိုမှတ်သားထားပါ။

၁၁။ သက်ဆိုင်ရာသံရုံးများကိုသိထားပါ။

မိမိသွားလိုတဲ့ နိုင်ငံမှာ ရှိတဲ့ မိမိနိုင်ငံရဲ့ သံရုံးတွေ၊ ကောင်စစ်၀န်ရုံးတွေရဲ့ လိပ်စာတွေ ကိုသိထားပါ။ ဒါမှလည်း အကူအညီလိုတဲ့ အခါဆက်သွယ်နိုင်ပါမယ်။ များသောအားဖြင့် မြို့ကြီးများနဲ့ မြို့တော်များ တွင် သံရုံးများရှိပါတယ်။

၁၂။ ဥပဒေနဲ့ တားမြစ်ချက်တွေကို သိထားပါ။

မိခင်နိုင်ငံမဟုတ်လို့ မိမိတို့နိုင်ငံမှာ လုပ်လို့ရတဲ့ အရာတွေက ထိုနိုင်ငံမှာ တရားမ၀င်နိုင် ဖြစ်နေနိုင်ပါတယ်။ ဥပမာ အရက်သေစာ သောက်စားမှု၊ ယာဥ်မောင်း ခွင့် စတဲ့ ဆောင်ရန် ရှောင်ရန်တွေကို သိထားတာ မမှားပါဘူး။ ဒါမှလည်း မလိုလားအပ်တဲ့ ပြဿနာ တွေမဖြစ်နိုင် တော့ပါဘူး။

၁၃။ နယ်မြေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို ဗဟုသုတရှိထားပါ။

မိမိအတွက် ပိုမို ပြင်ဆင်ထားစေသည့် အချက်ကတော့ ထိုနိုင်ငံရဲ့ ကိုးကွယ် ယဥ်ကျေးမှု၊ဓလေ့ထုံး တမ်းတွေကို လေ့လာသင့်ပါတယ်။ ဒါမှ မိမိအနေနဲ့ လိုက်လျှော ညီ ထွေဖြစ်နိုင်မှာပါ။

၁၄။ မိသားစု၊ အသိမိတ်ဆွေ တို့နဲ့ အဆက်မပြတ်ဆက်သွယ်မှုပြုပါ။

နိုင်ငံရပ်ခြားမှာ နေထိုင်တာဖြစ်လို့ မိသားစု နဲ့ ချစ်ရတဲ့ လူတွေနဲ့ ပုံမှန်ဆက် သွယ်သင့်ပါတယ်။ဒါမှလည်း မိမိအနေနဲ့ အိမ်လွမ်းပြေစေမှာဖြစ်တယ်။ ဒါကြောင့် သူတို့နဲ့ အွန်လိုင်းကနေ ( Facebook, Google Hangout) စတဲ့ ဆီကနေ အဆက်အသွယ် ပုံမှန်လုပ်လို့ရပါတယ်။

၁၅။ အခြေအနေတွေကို နားလည်လက်ခံတတ်ပါ။

အရာအားလုံးအတွက်ပြင်ဆင်ထားဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ဖြစ်လာမယ့်အခြေအနေတွေ အပေါ်မှာ နားလည်လက်ခံတတ်တဲ့ သူဖြစ်ဖို့လို ပါမယ်။ အားလုံး အကောင်းဆုံး လုပ်ဆောင် ဖို့သာလိုအပ်ပါတယ်။ နိဂုံးမှာတော့ နိုင်ငံခြားမှာကျောင်းတက်ဖို့ ကတော့ မလွယ်ကူပါ။ ဆက်လက်ပြီး ဒီလိုအပ်တဲ့ အချက်တွေ အပြင် အခြားသော လိုအပ်မယ့်အချက်တွေ ကျန်ရှိ နေနိုင်မှာပါ။ မည်သို့ဆိုစေ မိမိအနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားဖို့က အဓိကကျပါတယ်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။ နောက်ဆုံးမှာ တော့သင့်အ နေနဲ့နိုင်ငံခြားသို့ ပညာသင်ဆု (scholarship) နဲ့သွားရောက်လိုသည်ဆိုရင်တော့ http://myanmarstudyabroad.org/ ကို သွား ရောက်လေ့လာဖို့ မမေ့နဲ့ နော်။ ထို၀က်ဘ်ဆိုဒ်မှာ နေ့စဥ်နဲ့အမျှ ပညာသင်ဆု အခွင့်အလမ်းတွေကို ချိတ်ဆက်တင် ထားပေးလို့ပါ။ဒါ့အပြင်လည်း မြန်မာနိုင်ငံရှိသက်ဆိုင်ရာ နိုင်ငံခြားသံရုံးများကလည်း (အမေရိကန်၊ သြစတြေးလျ၊) ၎င်းတို့နိုင်ငံရှိပညာရေး အခွင့်အလမ်းများကိုကြေငြာပေးနေလို့ပါ။ အားလုံး ကံကောင်းကြပါစေ။

Ref: study.com

TharHtoo ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top