အိပ်ရာခင်းကို ဘယ်နှစ်ကြိမ် လဲပေးသင့်သလဲ

11-1-2021yyl17.jpg

သန့်ရှင်းပြီး သပ်ရပ်တဲ့အိပ်ရာပေါ်မှာ အိပ်လိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူးနော်။ သင် ခံစားလိုက်ရတဲ့ သက်တောင့်သက်သာရှိမှုနဲ့ နွေးထွေးမှုက စကားလုံးနဲ့တောင် ဖော်ပြဖို့ ခက်ပါတယ်။ အခွင့်ရေးသာရှိရင် ကျွန်တော်တို့အားလုံးက သန့်ရှင်းသပ်ရပ်တဲ့ အိပ်ရာခင်း ခင်းထားတဲ့ မွေ့ရာမှာ တစ်နေ့လုံး လဲလျောင်းရတာကြိုက်ကြပါတယ်။ ဟိုတယ်တွေလိုမျိုးမဟုတ်ဘဲ ကျွန်တော်တို့ အိပ်တဲ့အိပ်ရာခင်းကို နေ့တိုင်းလဲလှယ်ပေးဖို့၊ လျော်ဖွတ်ပေးဖို့ အချိန်လည်းပေးစရာမလိုပါဘူး။ တချို့လူတွေက အိပ်ရာခင်းကို တစ်ပတ် ၁ကြိမ်၊ တချို့ကတော့ တစ်ပတ် ၂ ကြိမ် လဲပေးကြပါတယ်။ ဒါပေမဲ့ သင်က အိပ်ရာခင်းကို တစ်ပတ် ဘယ်နှစ်ကြိမ်လဲပေးသင့်လဲလို့ စဉ်းစားရခက်နေလား။ ဒါကြောင့် သင် စဉ်းစားရခက်နေတာကို ဒီဆောင်းပါးက အဖြေရှာပေးပါလိမ့်မယ်။

ကျွန်တော်တို့အားလုံးက အိပ်ရာခင်းကို သန့်သန့်ရှင်းရှင်းဖြစ်သွားဖို့ လျှော်ဖွတ်ပေးရပါတယ်။ အဝတ်လျှော်စက်နဲ့ လျှော်ဖို့ အချိန်လုံလုံလောက်လောက်ပေးနိုင်ရင် အိပ်ရာခင်းကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်ရင် အခြားသူတွေထက် အကြိမ်များစွာ လျှော်ပေးနိုင်ပါတယ်။ လဲလှယ်ပေးနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ တစ်ပတ် ၁ ကြိမ် လျှော်ဖွတ်လဲလှယ်ပေးဖို့ အကြံပြုထားပါတဘ်။

တစ်ပတ်အတွင်းမှာ ကျွန်တော်တို့ရဲ့အိပ်ရာခင်းမှာ အနီးနားဝန်းကျင်က ဘတ်တီးရီးယား၊ ဖုန်မှုန့်တွေအပါအဝင် အညစ်အကြေးတော်တော်များများစုပြုံလာကြပါတယ်။ သင့်အိမ်ကို နေ့တိုင်း သန့်ရှင်းအောင်ထားရင်တောင်၊ ပြတင်းပေါက်၊ တံခါးပေါက်တွေကို ပိတ်ထားရင်တောင် အိပ်ရာခင်းကို တစ်ပတ် ၁ ကြိမ်တော့ သေချာပေါက် လဲပေးရပါမယ်။ တစ်ပတ် ၁ ကြိမ် မလဲပေးဘူးဆိုရင် သင့်အိပ်ရာခင်းမှာ ဖုန်မှုန့်နဲ့ ဘတ်တီးရီးယားတွေ ပိုများလာပြီး အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အိပ်ရာခင်းကို တစ်ပတ် ၁ ကြိမ်ထက် ပိုပြီး လဲပေးသင့်တဲ့ အခြေအနေမျိုးတွေရှိပါတယ်။ အောက်က အခြေအနေမျိုးတွေဖြစ််လာရင်တော့ တစ်ပတ် ၂ ကြိမ် လဲပေးရပါလိမ့်မယ်။

  • ဖုန်မှုန့်နဲ့ ဓာတ်မတည့်တဲ့ရောဂါရှိခြင်း
  • ကူးစက်ရောဂါရှိခြင်း
  • ချွေးထွက်လွန်းခြင်း
  • အိပ်ရာထဲ မုန့်စားခြင်း
  • အိမ်မွေးတိရစ္ဆာန်တွေကို အိပ်ရာထဲ ခေါ်အိပ်ခြင်း တို့ပါပဲ။

ဒီလိုအခြေအနေမျိုးမှာ သင့်အိပ်ယာခင်းက ပုံမှန်ထက် ပိုညစ်ပတ်လာပါတယ်။ ညစ်ပတ်တဲ့ အိပ်ရာခင်းမှာ အိပ်တာက အရေပြားပိုးဝင်ခြင်းကို ဖြစ်စေပြီး ညဘက် အိပ်ရေးပျက်တာတွေဖြစ်လာနိုင်ပါတယ်။

အိပ်ရာခင်းကို နည်းလမ်းမှန်မှန်နဲ့ လျှော်ဖွတ်ခြင်း

လူအများစုက အဝတ်လျှော်တာ မြန်ဖို့ အဝတ်လျှော်စက်ထဲကို အိပ်ရာခင်းနဲ့အခြားအဝတ်တွေရောပြီး ထည့်လျှော်ကြပါတယ်။ ဒီလိုရောပြီး လျှော်တာ မှားပါတယ်။ အိပ်ရာခင်းကို ပိုပြီးဂရုတစိုက်လျှော်ဖို့လိုတဲ့အတွက် သီးသန့်လျှော်ဖွတ်ပေးပါ။ အိပ်ရာခင်းလျှော်ဖို့အတွက် အညွှန်းရေးထားတာမရှိဘူးဆိုရင် ဆပ်ပြာမှုန့်အပျော့စားနဲ့ ရေနွေးနွေးထဲမှာ အိပ်ရာခင်းကို စိမ်ထားပါ။ ရေနွေးက ရေအေး၊ ပုံမှန်ရေတွေထက် ဘတ်တီးရီးယားတွေကို ပိုပြီး ဖယ်ရှားပေးပါတယ်။ ရေနွေးနွေးထဲ စိမ်ထားပြီးမှာ အဝတ်လျှော်စက်ထဲ ထည့်လျှော်ပေးရမှာဖြစ်ပါတယ်။ သေချာအခြောက်ခံပေးဖို့လည်း လိုအပ်ပါတယ်။

အိပ်ရာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို လျှော်ဖွတ်ပေးသင့်တဲ့ အကြိမ်အရေအတွက်

ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားဖို့အတွက် အိပ်ရာနဲ့ဆက်စပ်တဲ့ အခြားပစ္စည်းတွေကိုလည်း လျှော်ဖွတ်ပေးသင့်ပါတယ်။ ခေါင်းအုံးစွပ်ကို အပတ်တိုင်း အိပ်ရာခင်းနဲ့အတူ လျှော်ဖွတ်ပေးသင့်ပါတယ်။ ဂွမ်းစောင်ကို တစ်လမှ နှစ်ပတ် ၁ ကြိမ်၊ ခေါင်းအုံးကို (၄လ-၆လ) တစ်ခါ လျှော်ဖွတ်ပေးသင့်ပါတယ်။

Ref: How often should you change your bedsheet?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top