မော်ဒယ်တစ်ယောက်လို ခန္ဓာကိုယ်ကျစ်လျစ်လှပတဲ့ အသက် ၇၂ နှစ် အမျိုးသမီး

28-6-2021-yyl-17.jpg

တချို့လူတွေအတွက် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသက်သက်ပါ။ အားကစားလိုက်စားတဲ့ နိုအာမာ ဝီလျံ (Norma Williams) ဆိုတဲ့အမျိုးသမီးကတော့ အသက်ကြီးလာမှာကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ သိတဲ့ပုံပဲ။ သူဟာ အသက် ၇၀ကျော်အရွယ်မှာတောင် မော်ဒယ်တစ်ယောက်နဲ့ တူပါတယ်။ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်က အသက်အရွယ်နဲ့အတူ တိုးတက်ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာကို နိုအာမာက အခြားသူတွေကို မျှဝေပေးချင်ခဲ့တာပါ။

နိုအာမာဟာ အရင်တုန်းက အခုလိုခန္ဓာကိုယ်မျိုး မဖြစ်ခဲ့ဖူးပါဘူး။ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထလည်း မရှိခဲ့သလို အရမ်းဝနေသလို ခံစားခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်မှာ သူဟာ သူ့ရဲ့ဘဝနေထိုင်မှုပုံစံကို စတင်ပြောင်းလဲခဲ့ပါတယ်။ အကျင့်ဖြစ်နေပြီးသား အလေ့အထကို တစ်ညတည်းနဲ့ ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် နိုအာမာအတွက် ဆက်လက်ကြိုးစားနေရတဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

သူဟာ သူ့ရဲ့ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပစ်နေတဲ့အတွက် သူ့ဘဝ စတင်ပြောင်းလဲလာပြီး သူ့ရဲ့အသွင်အပြင် တိုးတက်လာတာကို သတိပြုမိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အခုလို မော်ဒယ်တစ်ယောက်လို ခန္ဓာကိုယ်ကျစ်လျစ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တာပါပဲ။ ဘဝနေထိုင်မှုပုံစံပြောင်းလဲချင်တဲ့သူတွေအတွက် လွယ်ကူတဲ့နည်းလမ်းနဲ့ အချိန်ယူပြီး ကိုယ့်ကိုယ်ပြောင်းလဲပစ်ဖို့ ကြိုးစားပါလို့ အကြံပြုထားပါတယ်။

နိုအာမာက ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကျစ်လျစ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူက တပတ်ကို (၄) ကြိမ်လောက် မြန်မြန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကို လုပ်လေ့ရှိပါတယ်။ တစ်ပတ်ကို (၂) ခါ Gym သွားပါတယ်။ သူဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့လေ့ကျင့်ခန်းလုပ်တဲ့စည်းမျဉ်းက တိုးလာခဲ့ပြီး သူ့ရဲ့ Diet ကလည်း တိုးတက်လာခဲ့ပါတယ်။ သူက အာလူးကြော်အထုတ်ကြီးနဲ့ ကွတ်ကီးအများကြီးစားလည်း ဘာမှမဖြစ်ပါဘူး။ ဆက်ပြီး လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အသိက ရှိနေခဲ့လိုပါပဲ။

ခန္ဓာကိုယ်က ဘာနဲ့မှ မထိုက်တန်ပေမဲ့ လေးစားမှုတွေရှိသင့်ပါတယ်လို့ နိုအာမာက ယုံကြည်ထားပါတယ်။ မကြာခဏ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားကြပါတယ်။ အပြုသဘောဆောင်ပြီး ပြောင်းလဲဖို့ ကြိုးစားနေသရွေ့ ကျွန်မတို့ရဲ့ခန္ဓာကိုယ်က ကျွန်မတို့ကို ဆုချပါလိမ့်။ ဒါကြောင့် လျော့တွဲနေတဲ့အသားရေ၊ အရေးအကြောင်းတွေ၊ အကြောပြတ်ရာတွေကို ထည့်မတွက်ဘဲ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ သင့်ခန္ဓာကိုယ်ကိုလည်း ချစ်ပါလို့ အကြံပြုထားပါတယ်။

Ref: Brightside “A 72-Year-Old Woman Reveals She’s in Her Best Shape Now, and We Can’t Wait to Hear Her Out”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top