အွန်လိုင်းကနေ စာသင်ယူရတဲ့အချိန်အတွင်း ကလေးရဲ့မျက်လုံးထိခိုက်မှုမဖြစ်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ

31-8-2020-yyl-059.jpg

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုက ပိုများလာနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒုတိယလှိုင်းဖြစ်ပေါ်လာခဲ့တဲ့အတွက် သြဂုတ်လကမှ ဖွင့်ထားခဲ့တဲ့ စာသင်ကျောင်းကို ပြန်ပိတ်ထားရပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် ကလေးတွေက အွန်လိုင်းကနေတဆင့် စာသင်ယူမှုတွေလုပ်ဆောင်နေကြရပါတယ်။ လက်ရှိအချိန်မှာ ကလေးရဲ့ပညာရေးနှောင့်နှေးမှုတွေမဖြစ်အောင် ဒီနည်းက အကောင်းဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ အွန်လိုင်းကနေ စာသင်ယူရတဲ့အတွက် ဖုန်းစကရင်၊ လက်တော့စကရင်တွေနဲ့ ထိတွေ့ရတာကြောင့် မိဘတွေက ကလေးတွေရဲ့မျက်လုံးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကလေးရဲ့မျက်လုံးနဲ့ ဖုန်းစကရင်၊ လက်တော့စကရင်တို့ ထိတွေ့မှုများလာရင် ကလေးတွေရဲ့အမြင်အာရုံထိခိုက်မှာစိုးရိမ်ရပါတယ်။ ဒါကြောင့် မိဘတွေက ကလေးတွေရဲ့အမြင်အာရုံထိခိုက်မှုမဖြစ်အောင် အွန်လိုင်းစာကြည့်ချိန်ကို စီမံခန့်ခွဲတာပဲဖြစ်ဖြစ် ကလေးရဲ့မျက်လုံးကို ကာကွယ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးမိဘတွေအတွက် ကလေးရဲ့မျက်လုံးကို ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတချို့ကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

စာသင်တဲ့အချိန် ကလေးရဲ့ခန္ဓာကိုယ်အနေအထားမှန်အောင် ဂရုစိုက်ပေးပါ

ကလေးတွေကို သူ့တို့ရဲ့မျက်လုံးနဲ့ နီးအောင် ဖုန်းကို မကိုင်ခိုင်းပါနဲ့။ မျက်လုံးကို မထိခိုက်မိဖို့ အွန်လိုင်းကနေ စာသင်တဲ့အချိန် ခန္ဓာကိုယ်အနေအထားကလည်း အရေးကြီးပါတယ်။ မျက်လုံးနဲ့မျက်လုံး အရမ်းနီးတဲ့ ခန္ဓာကိုယ်အနေအထားမျိုးဆို မျက်လုံးညောင်းတာအပြင် မျက်လုံးကြွက်သားတွေကို ဒဏ်ထိသွားစေနိုင်ပါတယ်။ လက်တော့ (သို့) ဖုန်းကို အသုံးပြုတဲ့အခါ ဖုန်းစကရင်၊ လက်တော့စ်စကရင်က မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်နေရပါမယ်။

အကွာအဝေးကို သတိထားပေးပါ

မျက်လုံးညောင်းတာ၊ မျက်စိထိခိုက်တာကို လျော့ချဖို့အတွက် ဖုန်းနဲ့ လက်တော့စ်တွေကို အသုံးပြုတဲ့အခါ အကွာအဝေးသတ်မှတ်ထားပါ။ ဖုန်း (သို့) လက်တော့ကို မျက်လုံးနဲ့ (၁၈) လက်မ – ၂၄ လက်မအကွာမှာ ထားပါ။ စက်ပစ္စည်းရဲ့ Brightness ကိုလည်း သင့်မျက်လုံး သက်တောင့်သက်သာဖြစ်အောင် ညှိထားသင့်ပါတယ်။

ပုံမှန် မျက်တောင်ခတ်ခိုင်းပါ

ဖုန်း (သို့) လက်တော့သုံးတဲ့အခါ မိနစ် (၂၀) တိုင်း စက္ကန့် (၂၀) လောက် ပေ (၂၀) အကွာက တစ်ခုခုကို ကြည့်ပေးဖို့လည်း အရေးကြီးပါတယ်။ ခဏတစ်ဖြုတ် မျက်လုံးကို အနားပေးသင့်ပါတယ်။ သင့်ကလေးကို ပုံမှန် မျက်တောင်ခတ်ခိုင်းဖို့လည်း အရေးကြီးပါတယ်။ မျက်လုံး ယားယံတာ၊ မျက်လုံးခြောက်တာမဖြစ်ဖို့ ကလေးတွေကို မိနစ် (၃၀) တိုင်း အနည်းဆုံး (၁၀) ကြိမ်လောက် မျက်လုံးဖြည်းဖြည်းဖွင့်ပြီး မျက်လုံးကို မှိတ်ဖို့ သင်ပေးပါ။ ကလေးတွေကို ဖုန်း (သို့) လက်တော့မှာ အာရုံစိုက်နေတဲ့အခါတိုင်း ပုံမှန် မျက်တောင်ခတ်ဖို့ သတိပေးဖို့ လိုပါတယ်။

Ref: How to take care of your child’s vision during online classes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top