၂၀၁၉-၂၀၂၀ ရာသီ ပရီးမီးယားလိဂ်အတွက် Nike ရဲ့ ဘောလုံးသစ်

64696688_2436398316391074_6558871276713148416_n.jpg

၂၀၁၉-၂၀၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ့် Nike Merlin ဘောလုံးကို Nike ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါပြီ။ ပရီးမီးယားလိဂ်နဲ့ Nike ကုမ္ပဏီ ပူးပေါင်းမှု နှစ် (၂၀) ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ ဒီဘောလုံးမှာ သပ်ရိုက်ထားသလို အကွက် (၄) ကွက် ပါဝင်ပြီး အထိအတွေ့ ပိုနူးညံ့လို့ ကန်ချက်တွေ ကောင်းမွန်စေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘောလုံးမှာ ထွင်းကြောင်းထည့်ထားလို့ ဘောလုံးလမ်းကြောင်း တည်ငြိမ်စေပြီး ကုပ်အားကောင်းစေမယ့် နှပ်ကြောင်းတွေကြောင့် ဘယ်ကွင်းအမျိုးအစား၊ ဘယ်လို ရာသီဥတုမျိုးမှာမဆို ဘောလုံးစီးဆင်းမှု ပြေပြစ်စေမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့်ရာသီကျရင် ပရီးမီးယားလိဂ်ရဲ့ စုစုပေါင်းသွင်းဂိုးပမာဏ ပိုများလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုးစံချိန်သစ်တင်ခဲ့ပြီး စုစုပေါင်းသွင်းဂိုး (၁၀၇၂) ဂိုး ရှိခဲ့ပေမဲ့ လာမယ့်ရာသီမှာ သွင်းဂိုးစံချိန်သစ် ထပ်တင်နိုင်မယ်လို့ ဆိုပါတယ်။ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Nike Merlin ဘောလုံးကတော့ ပန်းရောင်ဖြစ်ပြီး နောက်ထပ်အရောင်ကွဲတွေ ထုတ်လုပ်ဖို့ရှိပါတယ်။ ဘောလုံးမှာ အရောင်စုံနေလို့ ကစားသမားတွေက ဘောလုံးကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ဘောလုံးလည်တဲ့နှုန်း၊ ဘောလုံးရဲ့အရှိန်နှုန်းကိုလည်း တွက်ဆနိုင်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top