လေထဲကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သုတေသီ တွေကဆို

6-7-2020-yyl-019.jpg

လေထဲက အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေမှာ ပါလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေကို ကူးစက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက်ရှိပြီး သတိပေးချက်တွေကို ပြန်ပြင်ဆင်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သုတေသီတွေက တောင်းဆိုနေတယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ရောဂါပိုးရှိတဲ့သူ နှာချေ၊ ချောင်းဆိုးလိုက်တာအခါ ပါးစပ်၊ နှာခေါင်းကနေ လွှင့်စင်လာတဲ့ သေးငယ်တဲ့ အရည်တွေကနေတဆင့် လူတစ်ယောက်ကနေတစ်ယောက် ကူးစက်ပျံ့နှံ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောထားတာကို ကျွန်တော်တို့တွေ သိထားကြတာဖြစ်ပါတယ်။

နောက်အပတ်ထွက်ရှိမယ့် သိပ္ပံရေးရာဂျာနယ်မှာ သုတေသီတွေ ထုတ်ဝေရိုက်နှိပ်ဖို့ စီစဉ်ထားတဲ့ အိတ်ဖွင့်စာတစ်စောင်မှာ နိုင်ငံ (၃၂) နိုင်ငံက သုတေသီ (၂၃၉) ဦးက လေထဲက သေးငယ်တဲ့ရောဂါပိုးအမှုန်အမွှားတွေဟာ လူတွေကို ရောဂါပိုးကူးစက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက်ကို အနှစ်ချုပ်ဖော်ပြပေးထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေတဆင့်ပါလာပြီး အသက်ရှုလိုက်တဲ့အခါ လူတွေကို ကူးစက်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်ကို လေကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေပြချက်ကို အခိုင်အမာယုံကြည်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။ “အထူးသဖြင့် ပြီးခဲ့တဲ့ (၂) လက ကျွန်တော်တို့တွေ ဖြစ်နိုင်သလောက် လေထဲကတဆင့် ကူးစက်နိုင်တယ်ဆိုတာကို သုံးသပ်ဆင်ခြင်နိုင်ဖို့ ကြိမ်ပေါင်းများစွာ ထုတ်ပြောပြပေးနေခဲ့ပါတယ်။ ဒါပေမဲ့ အသေအချာ ယုံကြည့်ထားလို့မရသလို ရှင်းလင်းတဲ့သက်သပြချက် တောင်မရှိဘူး” လို့ WHO ရဲ့ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးခေါင်းဆောင် ဒေါက်တာ ဘီနီဒတ်တ်တာ အယ်လ်လီဂရန်ဇီက ပြောပါတယ်။

Ref: Reuter “Hundreds of scientists say coronavirus is airborne, ask WHO to revise recommendations: NYT”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top