လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဒီရော့စီ

64243391_2424185357612370_6558585674272866304_n.jpg

ရိုးမားကွင်းလယ်လူဟောင်း ဒီရော့စီဟာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ ESPN သတင်းဌာနက ဖော်ပြပါတယ်။ အသက် (၃၅) နှစ်ရှိတဲ့ အီတလီလက်ရွေးစင် ကွင်းလယ်လူဟောင်း ဒီရော့စီဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ရိုးမားတစ်သင်းတည်းမှာပဲ ကစားခဲ့သူပါ။ နွေရာသီမှာ ရိုးမားအသင်းနဲ့ လမ်းခွဲခဲ့ပေမဲ့ ကစားသမားဘဝကနေ အနားမယူချင်သေးတဲ့ ဒီရော့စီဟာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဆိုပါတယ်။ မေဂျာလိဂ်ပြိုင်ပွဲကို ပထမဆုံး ဝင်ပြိုင်တဲ့ရာသီမှာ အဆင့်(၅) နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ လော့စ်အိန်ဂျလိစ်အသင်းဟာ ဒီရော့စီအပြင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top