သက်သက်လွတ်စားတဲ့ ခရစ်ဟမ်းစ်ဝါ့သ်(Chris Hemsworth)

chris.jpeg

Avenger အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Thorရဲ့အကြောင်းကို Avengerနဲ့ Thor ဇာတ်ကားတွေကိုကြည့်ဖူးသူတိုင်း သိလိမ့်မယ်လို့ ထင်ပါတယ်။ Thor လို့ဆိုလိုက်တာနဲ့ သူရဲ့လက်နက် “တူ” ကြီးနဲ့အတူ ခန္ဓာကိုယ်ဖွဲ့စည်းပုံတောင့်တင်းင်္ပြီး ယောင်္ကျားပီသပုံကို မျက်လုံးထဲမြင်မိမှာပါ။ သူရဲ့ ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ မိန်းကလေးတွေအတွက် စွဲမက်ဖွယ်ဖြစ်ရုံသာမက ယောင်္ကျားလေးတွေအတွက်လည်း အတုယူအားကျဖွယ်ရာဖြစ်နေပါတယ်။

Thorသရုပ်ဆောင်(Chris Hemsworth )ရဲ့ Personal Trainerဖြစ်သူ လုခ်ဇက်ချီက (Luke Zocchi) က “ ခရစ်(Chris)ဟာ ဇာတ်ကားရိုက်ကူးနေချိန်အတွင်းမှာ ဇာတ်ရုပ်အတွက် ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ရရှိဖို့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကို အပြင်းအထန်လေ့ကျင့်ခဲ့ရပြီး နေ့တိုင်း အသား၊ငါးမစားဘဲ အသီးအရွက်တွေချည်း ပြောင်းလဲ စားသောက်ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့ အားလုံးကို အံဩစေခဲ့ပါတယ်။ အသား၊ငါးတွေကသာမက အသီးအရွက်တွေကနေလည်း အသားဓာတ်(Protein)ကိုရရှိနိုင်တယ်ဆိုတာ ခရစ်(Chris) ကလက်တွေ့ပြသခဲ့ပါတယ်။ အသားမပါဘဲအသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ဘာဂါ၊ ပဲနဲ့ပြုလုပ်ထားတဲ့အစားအစာတွေက ခရစ်(Chris) အနှစ်သက်ဆုံး သက်သက်လွတ်အစားအစာတွေ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Paradise(yyl)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top