လေယာဉ်ပျက်ကျလို့ ကွယ်လွန်ခဲ့တဲ့ ကိုဘေးဘရိုင်ယန်ရဲ့ပုံရိပ်ကို NBA အမှတ်တံဆိပ်အဖြစ် ဖော်ပြဖို့ လူ ၁.၅ သန်း တောင်းဆို

yyl-027-17.jpg

ကိုယ်ပိုင်ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဘတ်စကတ်ဘော ဂန ္ထဝင် ကစားသမားဟောင်း ကိုဘေးဘရိုင်ယန်ရဲ့ ပုံရိပ်ကို NBA အမှတ်တံဆိပ်အဖြစ် ပြောင်းလဲအစားထိုးဖို့ လူ ၁.၅ သန်းကျော်က တောင်းဆိုခဲ့ကြပါတယ်။ NBA ရဲ့ လက်ရှိအမှတ်တံဆိပ်ကို ၁၉၆၉ ခုနှစ်မှာ အလန်ဆီးဂယ်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီအမှတ်တံဆိပ်ဟာ Los Angeles Lakers အသင်းကြယ်ပွင့် ဂျာရီဝက်စ်ရဲ့ပုံရိပ်ဖြစ်ပါတယ်။

ဘတ်စကတ်ဘောနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဂျာရီဝက်စ်ဟာ ကိုဘေးဘရိုင်ယန်ကို Los Angeles Lakers အသင်းအတွက် ခေါ်ယူခဲ့သူဖြစ်ပါတယ်။ NBA ရဲ့ အမှတ်တံဆိပ်ကို ပြောင်းလဲပေးဖို့အတွက် အစောပိုင်းမှာ လူ ၅၀၀၀၀၀ ထံကနေ ထောက်ခံကြောင်း လက်မှတ်တွေ ရရှိဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ ထောက်ခံလက်မှတ် ၁.၅ သန်းကျော်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ကိုဘေးဘရိုင်ယန်ရဲ့ ကိုယ်ပိုင်ရဟတ်ယာဉ် ပျက်ကျမှုမှာ ကိုဘေးဘရိုင်ယန်နဲ့ သမီးဖြစ်သူအပါအဝင် စုစုပေါင်း လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top