၁၄ ပေရှည်တဲ့ မိကျောင်းကို ကြိုးတစ်ချောင်းပဲသုံးပြီး ဖမ်းပေးခဲ့သူ

29-6-2022-yyl01.jpg

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီဆီကျွန်းမှာ ၁၄.၁ ပေ ရှည်လျားတဲ့ မိကျောင်းကြီးကို ရွာသားတစ်ယောက်က ကြိုးတစ်ချောင်းတည်း အသုံးပြုပြီး ဖမ်းပြခဲ့ပါတယ်။

သူတို့ရွာတစ်ဝိုက်မှာ မိကျောင်းကြီးတစ်ကောင် ၂ ရက်ကြာ လှည့်လည်သွားလာနေလို့ ရွာသားတွေ လယ်ထဲ မဆင်းရဲ ဖြစ်နေချိန်မှာ အူစမန်လို့ အမည်ရတဲ့ ၅၃ နှစ်အရွယ် အမျိုးသားက ကြိုးတစ်ချောင်းတည်းသုံးပြီး မိကျောင်းကို ဖမ်းပေးခဲ့တာပါ။

မိကျောင်းကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက်မှာတော့ အူစမန်က သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။ ဒီမိကျောင်းကို ရွာနဲ့ဝေးတဲ့နေရာမှာ ပြန်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။

Ref: ‘I had to take a chance,’ says Indonesian who caught 14-foot crocodile with rope

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top