နာတာရှည်ရောဂါခံစားနေရသူတွေနဲ့ မသန်စွမ်းသူတွေကို ဒီနေ့မှာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေး

241525755_871236296840875_7142294675161059026_n.jpg

ရန်ကုန်၊ စက်တင်ဘာ (၁၆)

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုးနှံရေးစင်တာအနေနဲ့ ဒီနေ့မှာ နာတာရှည်ရောဂါခံစားနေရသူတွေနဲ့ မသန်စွမ်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တယ်လို့ နေပြည်တော်ကောင်စီက သိရပါတယ်။

နာတာရှည်ရောဂါခံစားနေရသူတွေ၊ မသန်စွမ်းသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူတွေ၊ အသက် (၅၅) နှစ်နဲ့ (၆၄) နှစ်အကြား အသက်ကြီးသူတွေကို ဒီနေ့ စက်တင်ဘာ (၁၆) ရက်နေ့ကစတင်ပြီး အောက်တိုဘာ (၁၁) ရက်နေ့အထိ လူဦးရေ (၆၅၀၅) ဦးကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုးနှံရေးစင်တာမှာ ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးသွားမှာ ဖြစ်ပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၄၇၂၅) ဦး ရှိနေပြီဖြစ်တယ်လို့ နေပြည်တော်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စက်တင်ဘာ (၁၄) ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁၆၂၄၈၄၃) ဦး၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၃၃၆၅၉၁၅) ဦး ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက သိရပါတယ်။

Photo- နေပြည်တော်ကောင်စီ
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top