COVID-19 ကြောင့် အာဖရိကတိုက်မှာ လူ ၄၄ သန်းအထိ ကူးစက်နိုင်ပြီး လူ ၁၉၀,၀၀၀ သေဆုံးနိုင်တယ်လို့ WHO သတိပေး

8-5-2020-yyl-009.jpg

အာဖရိကတိုက်ရဲ့ ကန့်သတ်ထိန်းချုပ်ရေးစည်းမျဉ်းတွေ မအောင်မြင်ခဲ့ရင် ကပ်ရောဂါ ဖြစ်ပွားတဲ့ ပထမဆုံးနှစ်အတွင်း အာဖရိကတိုက်မှာ လူ ၁၉၀,၀၀၀ အထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးထားပါတယ်။ ပထမဆုံးနှစ်အတွင်း အာဖရိကတိုက်မှာ ရောဂါကူးစက်ခံရသူ ၂၉ သန်းကနေ ၄၄ သန်းကြား ရှိလာနိုင်ပြီး ဆေးရုံတက်ရောက် ကုသရသူ ၅.၅ သန်းအထိ ရှိလိမ့်မယ်လို့ WHO က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ အာဖရိကနိုင်ငံ အများစုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတိုင်းအတာထက် ကျော်လွန်နေပါတယ်။ ပြီးခဲ့တဲ့မတ်က ကောက်ယူခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ အာဖရိကနိုင်ငံ ၄၇ နိုင်ငံမှာ လူတစ်သန်းအတွက် အထူးကြပ်မတ်ကုသရေး ခုတင် ၉ လုံးပဲရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

” အာဖရိကတိုက် နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက လက်ဦးမှုရယူပြီး ထိန်းချုပ်မယ့်ပုံစံမျိုး မချဉ်းကပ်ဘူးဆိုရင် COVID-19 ရောဂါက ကျွန်တော်တို့ဘဝထဲမှာ နှစ်ရှည်လများ ရှိနေဦးမှာပါ။ စမ်းသပ်မှု၊ ခြေရာခံမှု၊ သီးသန့်ခွဲခြားမှု၊ ကုသမှုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အာဖရိကတိုက်မှာ COVID-19 ရောဂါကူးစက်မှုက ကမ္ဘာ့တခြားဒေသတွေလောက် အရှိန်မကောင်းနိုင်ပါဘူး။ အဓိကကူးစက်တဲ့နေရာတွေမှာပဲ လူမသိသူမသိ ဖြည်းဖြည်းချင်းကူးစက်ဖွယ်ရှိပါတယ်”လို့ WHO ရဲ့ အာဖရိကတိုက်ဒါရိုက်တာ မတ်ရှီဒီဆိုမိုတီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top