ခပ်ခွာခွာနေဖို့မဖြစ်နိုင်ရင် အဆောက်အအုံ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ နှာခေါင်းစည်းတပ်ဖို့ စပိန်နိုင်ငံ ထုတ်ပြန်

21-5-2020-yyl-007.jpg

စပိန်နိုင်ငံကတော့ ဥရောပနိုင်ငံတွေထဲမှာ နှာခေါင်းစည်းဝတ်ဆင်မှုနဲ့ပတ်သက်ပြီး အတင်းကြပ်ဆုံး ဥပဒေထုတ်ပြန်လိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ အခွင့်မသာဘူးဆိုရင် အဆောက်အအုံ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရမယ်လို့ အမိန့်ဒီကရီ ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က စတင်အကျုံးဝင်ခဲ့တဲ့ ဥပဒေဟာ အသက်ခြောက်နှစ်အောက် ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကိုသာ ခြွင်းချက်ပေးထားပါတယ်။

ဥရောပနိုင်ငံ အများစုက အများပြည်သူပို့ဆောင်ရေးစနစ်မှာ နှာခေါင်းစည်း တပ်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားပေမဲ့ စပိန်နိုင်ငံရဲ့စည်းမျဉ်းကတော့ အတင်းကြပ်ဆုံးပါပဲ။ ” အနည်းဆုံး ၂ မီတာ ( ၆.၅ ပေ)အကွာမှာနေဖို့ မဖြစ်နိုင်ဘူးဆိုရင် လမ်းပေါ်မှာရော၊ အများပြည်သူဆိုင်ရာ ဟင်းလင်းပြင်နေရာတွေမှာရော၊ အမိုးအကာအောက်မှာပါ နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရမယ်”လို့ အမိန့်ဒီကရီမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကိုလည်း ၆ ပတ်ကြာ အိမ်ပြင်ထွက်ခွင့်မပြုဖို့ ညွှန်ကြားထားပါတယ်။ စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့မတ်လနောက်ပိုင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂၃၂၀၀၀ ကျော်၊ သေဆုံးသူ ၂၈၀၀၀ နီးပါး ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top