နိုင်ငံတကာအဆင့်မီ ”the Hangar” ဈေးရုံသစ်ကြီး ဖွင့်လှစ်

25-1-2021-yyl-01.jpg

ရန်ကုန်မြို့တွင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်ကို ပြေးဆွဲပေးမည့် YBS ယာဥ်လိုင်းရပ်နားရန်နေရာဘေး၊ Star City အိမ်ရာဝင်းအတွင်း၌ တည်ဆောက်ထားသည့် ”the Hangar”ဈေးရုံသစ်ကြီးကို ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

သန်လျင်မြို့ရှိ Star City အိမ်ရာဝင်းအတွင်းတည်ဆောက်ထားသည့် ယင်းဈေးရုံသစ်ကြီးကို လေယာဥ◌် သိုလှောင်ရုံဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကုန်စိမ်း၊ ကုန်ခြောက်ဈေးတန်းများအပါအဝင် စားသောက်ဆိုင်တန်း များပါ တွဲလျက်ပါရှိသည်။

”ဒီဈေးရုံသစ်က Wet Market ပါဝင်ဆောက်လုပ်ထာတဲ့ ဈေးရုံသစ်ကြီးပါ။ သူများဈေးတွေနဲ့မတူတာက Supplier တွေကိုယ်တိုင် အစားအစာတွေကို တိုက်ရိုက်ရောင်းချပေးတာဖြစ်ပါတယ်”ဟု the Hangar ဈေးရုံသစ်၏ စီမံခန့်ခွဲသူ ဦးမြင့်လွင်က ပြောသည်။

ယခုကဲ့သို့ စတင်ဖွင့်လှစ်လိုက်သော်လည်း ကိုဗစ်စည်းမျဥ◌်းစည်းကမ်းများနှင့်အညီ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေမည်ဖြစ်ပြီး အသား၊ ငါးနှင့် ကုန်ခြောက်ဈေးကိုတော့ မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါဈေးရုံသစ်ရှိ သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများပါဝင်သည့် ကုန်စိမ်းဈေးတန်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စားသောက်ဆိုင်တန်းကို နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

”the Hangar”ဈေးရုံသစ်သည် စတုရန်းပေ ၉၀၀၀ ကျော်ကျယ်ဝန်းပြီး ဈေးရုံသစ်အတွင်းရှိ Wet Market ဘက်တွင် ၆ ပေပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၃၂ ခန်းနှင့် စားသောက်ဆိုင်တန်းဘက်တွင် ၁၀ ပေပတ်လည်ရှိ စားသောက်ဆိုင်ခန်းပေါင်း ၁၂ ခန်းပါဝင်ကြောင်း သိရသည်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top