၂၀၁၆ ခုနှစ်မှာလည်း အလှူအတန်းအရက်ရောဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပြန်တဲ့ မြန်မာနိုင်ငံ

20161026_large.png

အရင်နှစ်က အလှူအတန်းအရက်ရောဆုံးနိုင်ငံ အဖြစ် အသိအမှတ်ပြုခံရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီနှစ် ၂၀၁၆ ခုနှစ်အတွက်လည်း အလှူအတန်းအရက်ရောဆုံး နိုင်ငံအဖြစ် ထပ်မံအသိအမှတ်ပြုခံရပါတယ်။

ဒီလို ပေးကမ်းစွန့်ကြဲမှု အပိုင်းမှာ ဘယ်လောက်အထိအလှူအတန်းရက်ရောသလဲဆိုတဲ့ အနေအထားကို Charities Aid Foundation (CAF) လို့ ခေါ်တဲ့ အဖွဲ့အစည်းကနေ  CAF World Giving Index လို့ ခေါ်တဲ့ လှူဒါန်းပေးကမ်းမှု အညွှန်းကိန်းနဲ့ သတ်မှတ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နှိုင်းယှဉ်တိုင်းတာ တာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတစ်ယောက်ကို အကူအညီပေးမှုနှုန်းဟာ တစ်နိုင်ငံလုံးအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ရှိလဲ ၊ ငွေကြေးလှူဒါန်းမှုနှုန်း ဘယ်လောက်ရှိသလဲ ၊ ပရဟိတ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ အချိန် ဘယ်လောက်ရှိသလဲဆိုတာတွေကို ထည့်သွင်းတွက်ချက်တာျ့ဖစ်ပါတယ်။

လက်ရှိ ဒီစာရင်းဇယားမှာတော့ ုမြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဩစတြေးလျ နိုင်ငံတို့ကို ကျော်လွန်ပြီး “ အလှူအတန်းအရက်ရောဆုံး နိုင်ငံ “ အဖြစ် ပထမနေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Ref : https://futureworldgiving.org/2016/10/25/2016-world-giving-index-shows-myanmar-is-most-generous-nation/

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top