COVID-19 ကာကွယ်ဆေး တီထွင်နေတဲ့ အဖွဲ့တွေကို ရုရှားသူလျှိုတွေက ပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်နေ

17-7-2020-yyl-007.jpg

ရုရှားနိုင်ငံ၏ သူလျှိုများက ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံများရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်ဖန်တီးရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများကို ပစ်မှတ်ထားနေသည်ဟု လုံခြုံရေးအဖွဲ့များက သတိပေးခဲ့သည်။ ဟက်ကာများက ရုရှားနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လှုပ်ရှားနေတာ သေချာသလောက်နီးပါးရှိတယ်လို့ ဗြိတိန်နိုင်ငံ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ(NCSC)က ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့လဲ၊ သတင်းအချက်အလက်တွေ ခိုးယူခဲ့ခြင်းရှိသလားဆိုတာကိုတော့ ခွဲခြားဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဟက်ကာတွေရဲ့လုပ်ရပ်ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသုတေသနတွေကို နှောင့်နှေးကြန့်ကြာစေခဲ့ခြင်း မရှိဘူးလို့ NCSC က ပြောပါတယ်။ ရုရှားနိုင်ငံကတော့ အဲဒီဆိုက်ဘာတိုက်ခိုက်မှုက သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဟက်ကာတွေက ဆော့ဖ်ဝဲ ချွတ်ယွင်းချက်ကိုရှာဖွေပြီး အားနည်းချက်ရှိနေတဲ့ ကွန်ပျူတာစနစ်ထဲကို ဝင်ရောက်ကာ WellMess နဲ့ WellMail လို့ ခေါ်တဲ့ malware ( ကွန်ပျူတာစနစ်ကို တိုက်ခိုက်သည့်ဆော့ဖ်ဝဲ)ကို Upload လုပ်ပြီး ကွန်ပျူတာတွေထဲက ဖိုင်တွေကို ရယူခဲ့ကြတယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါအေဂျင်စီတွေက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top