၁၀ ရက်တာ မင်္ဂလာပွဲကျင်းပနေဆဲ ဘရူနိုင်းမင်းသား

15.1.24-yyl-2.jpg

ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ အသက် ၃၂ နှစ်အရွယ် ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ဘရူနိုင်းဆူလ်တန်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေး အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ် နဲ့ လက်ထပ်တော့မယ်လို့ ကြေညာခဲ့တာပါ။ သူ့ရဲ့တော်ဝင်မင်္ဂလာပွဲကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ခဲ့ပြီး ၁၀ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၁၀ရက်တာ မင်္ဂလာပွဲကျင်းပလို့မပြီးသေးပေမဲ့ သူတို့စုံတွဲရဲ့မင်္ဂလာအခမ်းအနားကပုံတွေ၊ သတို့သမီးရဲ့ပုံတွေက လူမှုကွန်ယက်မှာပျံ့နှံ့နေပါပြီ။ သတို့သမီးအေနီရှာရဲ့ပုံတွေကို မင်္ဂလာပွဲဓာတ်ပုံဆရာမူအာချ် ရိုစ်မန်းက အင်စတာဂရမ်ကတဆင့် မျှဝေပေးထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က အစ္စလာမ်ဓလေ့မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ တော်ဝင်မင်္ဂလာပွဲကြီးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဇန်နဝါရီ ၁၇ ရက်အထိ ဆက်လက်ကျင်းပသွားမှာပါ။

Ref: A Look At Prince Abdul Mateen Of Brunei’s 10-Day Royal Wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top