လှိုင်သာယာမှာ Mask မတပ်သူတွေကို ပြန်လည်အရေးယူတော့မယ်

mmnews.jpg

လှိုင်သာယာ(အရှေ့/အနောက်)မြို့နယ်အတွင်းမှာ Mask မတပ်ပဲ အပြင်ထွက်သူတွေကို စက်တင်ဘာ ၃ ရက် နေ့ကစပြီး ဥပဒေနဲ့အညီ ပြန်လည်အရေးယူဆောင်ရွက်သွားမယ်လို့ လှိုင်သာယာမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ သိရပါတယ်။

”ဘယ်နေရာတွေမှာ ဆောင်ရွက်သွားမလဲဆိုတာက အဖွဲ့တွေနဲ့ ဆက်ပြီးတိုင်ပင်နေတယ်။ အသေးစိတ် မသိရသေးဘူး။ နှစ်နေရာလောက်မှာတော့ တစ်ပြိုင်နက်တည်းလုပ်မှာပေါ့”လို့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

COVID-19 ရောဂါကူးစက်မှုက လျင်မြန်လာတဲ့အပြင် လှိုင်သာယာမှာလည်း အတည်ပြုလူနာသစ် ၃ ဦးထပ် တွေ့ထားတာဖြစ်တဲ့အတွက် မြို့နယ်ကိုဗစ်ကော်မတီက ဦးဆောင်ပြီး ဌာနဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဥ◌်လိုက်တာဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

”အရေးယူမယ်ဆိုတာ တရားရုံးကိုတော့ မပို့ဘူး။ အဲဒီကိုပို့ရင် ဒဏ်ငွေဆောင်ရမယ်၊ မလိုအပ်ဘဲ အချိန်တွေ ကုန်သွားမယ်။ ကိုယ်တို့ဆီမှာက လက်လုပ်လက်စားသမားတွေများတယ်။ သူတို့ကိုလည်း တအားကြီးထိခိုက်သွား အောင် မဖြစ်စေချင်ဘူး”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။

အခုလို တရားရုံးကို မပို့ဘူးဆိုပေမယ့် Mask မတပ်ဘဲ အပြင်ထွက်လာသူတွေကို ပညာပေးစင်တာကို ခေါ်သွားပြီးတော့ COVID-19 နဲ့ပတ်သက်တဲ့ အသိပညာတွေကို တစ်နာရီ၊ တစ်နာရီခွဲလောက်ကြာအောင် ပညာပေး ပြီးမှ ပြန်လွှတ်သွားမယ်လို့ ဦးမြတ်မင်းသူက ဆိုပါတယ်။

Photo – Myat Min Thu Facebook

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top