ဗြိတိန်နိုင်ငံကို Pfizer ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာပြီ

4-12-2020-yyl-024.jpg

ဗြိတိန်နိုင်ငံဟာ Pfizer/BioNTech ကုမ္ပဏီတွေရဲ့ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ကို ရရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်အစိုးရက Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ခွင့်ပြုပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ကာကွယ်ဆေး ပထမအသုတ် ရောက်လာခဲ့တာပါ။ Pfizer နဲ့ BioNTech ကုမ္ပဏီတွေက ဘယ်လ်ဂျီယံနိုင်ငံမှာ ကာကွယ်ဆေးထုတ်လုပ်ပြီး ယူရိုဥမင်( Channel Tunnel) ကတစ်ဆင့် အမှတ်တံဆိပ်မပါတဲ့ ထရပ်ကားတွေနဲ့ ဗြိတိန်နိုင်ငံကို တင်ပို့တာပါ။ ပထမအသုတ် ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်၊ မြောက်အိုင်ယာလန်နိုင်ငံတွေမှာရှိတဲ့ ပင်မသိုလှောင်ခန်းတွေမှာ သိုလှောင်ပြီး ကာကွယ်ဆေးထိုးနှံရေးစင်တာတွေကို ဖြန့်ဖြူးပေးသွားမှာပါ။ ပင်မသိုလှောင်ခန်းတွေရဲ့ တည်နေရာတွေကိုတော့ လုံခြုံရေးအရ လျှို့ဝှက်ထားပါတယ်။

ဗြိတိန်နိုင်ငံက Pfizer ကုမ္ပဏီထံကနေ ကာကွယ်ဆေး အဖုံ သန်း ၄၀ မှာယူထားပြီး (၂ ကြိမ် ထိုးရမည့်အတွက်) လူဦးရေ သန်း ၂၀ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာပါ။ လာမယ့်တစ်ပတ်အတွင်း ကာကွယ်ဆေးအဖုံ ၈ သိန်း ရောက်ရှိမယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။


ပထမအသုတ် ကာကွယ်ဆေးထိုးနှံပြီးရင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးကာကွယ်ပေးနိုင်မယ်လို့ အင်္ဂလန်နိုင်ငံ ဒုတိယကျန်းမာရေးအရာရှိချုပ်က ပြောပါတယ်။ ပထမဦးစားပေး ကာကွယ်ဆေး ထိုးနှံမယ့်သူများစာရင်းမှာတော့ စောင့်ရှောက်ရေးဂေဟာက သက်ကြီးရွယ်အိုတွေ၊ အသက် ၈၀ နှစ်အထက် အရွယ်ရှိသူတွေ၊ ကျန်းမာရေးနဲ့ စောင့်ရှောက်ရေးဝန်ထမ်းတွေ ပါဝင်နေပါတယ်။

Pfizer ကာကွယ်ဆေးကို အပူချိန် (-၇၀ ဒီဂရီဆဲလ်စီးယက်)မှာ သိုလှောင်ထားဖို့ လိုအပ်ပြီး သတ်မှတ်အပူချိန်ရှိတဲ့ သိုလှောင်ခန်းတွေကို ဆေးရုံတွေမှာပဲ ပြင်ဆင်ထားတဲ့အတွက် ပထမဆုံး ကာကွယ်ဆေးထိုးနှံမှုတွေကို ဆေးရုံတွေမှာပဲ ထိုးနှံပေးဖို့ ရှိနေပါတယ်။

Ref: BBC & CNN


Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top