မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် အခုလိုအခက်အခဲ အကြပ်အတည်းကာလမှာ လူကြီးတွေတင်သာမက ကလေးတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေကို ကြုံတွေ့၊ ခံစားရတတ်ပါတယ်။ လူကြီးတွေအနေနဲ့ သူတို့ကြုံတွေနေရတဲ့ အခက်အခဲ၊ စိုးရိမ်ပူပန်မှု စတဲ့အကြောင်းအရာတွေကို စကားလုံးတိတိကျကျနဲ့ ဖော်ပြနိုင်ပေမယ့် ကလေးတွေကတော့ သူတို့စိတ်ထဲက ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လူကြီးတွေလို စကားလုံး တိတိကျကျနဲ့ ဖွင့်ဟ မပြောပြတတ်ကြပါဘူး။
ဘယ်လိုလက္ခဏာတွေပြတတ်လဲ
- အအိပ်အစား မမှန်ဘူး။
- အရမ်းငယ်သေးတဲ့အရွယ်က အကျင့်တွေ ပြန်ပေါ်လာတတ်တယ်။(ဥပမာ- အိမ်ရာထဲမှာ ဆီးသွားတာ)
- ကလေးငယ်တွေ ငိုတာ။ ဒေါသထွက်တာ။ တစ်ယောက်ထဲမနေရဲတာ။
- စိတ်ပူတာ။ ဝမ်းနည်းတာ။
- စိတ်ဆိုးဒေါသထွက်တာနဲ့ အန္တရာယ်ရှိတဲ့ အပြုအမူ ပြုလုပ်တာ။
- နေ့တိုင်းလုပ်နေကျ အလုပ်တွေ သိပ်မလုပ်တော့တာ (သို့မဟုတ်) လုံးဝမလုပ်တော့တာ။
- အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတတ်လာတယ်။
- အကြောင်းမရှိဘဲ ခေါင်းကိုက်တာ။ ဗိုက်အောင့်တာ။ ကိုယ်လက်၊ ကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ဂရုစိုက်သင့်တာလဲ
- အခုလိုကာလမှာ ကလေးတွေကို ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
- ကြုံတွေရတဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးတစ်ဦးချင်းစီရဲ့ တုံံံ့ပြန်မှုတွေက ကွဲပြားနိုင်ပါတယ်။
- တချို့ကလေးတွေက လူဦးတွေကို ပိုပြီးတွယ်ကပ်လာမယ်။
- တချို့က တစ်ယောက်ထဲ ခွဲထွက်နေလာကြမယ်။ (သို့မဟုတ်) သီးသန့်နေလာမယ်။
- တချို့က ရန်လိုမယ်။
- တချို့က ငိုမယ်။
ဘယ်လိုအကူအညီပေးနိုင်မလဲ
- ကလေးတွေပြောပြတာကို အာရုံစူးစိုက်ပြီး အလေးအနက်ထား နားထောင်ပေးပါ။ သူတို့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာအောင် ကူညီပေးပါ။ ကိုယ်ရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှုကို ပြသပါ။
- ကလေးတွေကို ဘေးကင်းလုံခြုံရာနေရာတွေမှာ ထားပါ။ အခုလိုကာလတွေမှာ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ကြောက်စိတ်နဲ့ စိတ်ပူတာတွေက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ သူတစ်ယောက်ထဲကွက်ပြီး အခုလိုခံစားနေရတာ မဟုတ်ပါဘူး။ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ဒီလိုခံစားရနိုင်တယ်ဆိုတာကို ပြောပြပါ။ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေဖြစ်လာအောင် ကလေးတွေကို ကူညီပေးပါ။
- ကလေးတွေအပေါ် စိတ်ချယုံကြည်ကြောင်းပြသပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် ပြုလုပ်ပေးပါ။ ကလေးတွေအနေနဲ့ ဖြစ်လာတဲ့အခြေအနေအပေါ်မူတည်ပြီး လိုက်လျောညီထွေ နေနိုင်ပြီး ကျော်လွှားနိုင်စွမ်းတွေရှိတယ်ဆိုတာကို ယုံကြည်ပေးပါ။ သူတို့နဲ့အတူ အခက်အခဲကာလတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲဆိုတာကို ဆွေးနွေးပါ။
Source- Save the Children
Photo- Internet
Cherry(ရိုးရာလေး)