မော်လ်ဒိုက် (Maldives) က ရေအောက်ဇိမ်ခံဟိုတယ်

new-Muraka-residence-conrad-maldives.jpg

မြေပေါ်မှာချည်း အပန်းဖြေရတာ တစ်ခါတစ်ခါတော့ ငြီးငွေ့စရာပဲမဟုတ်လား။ မော်လ်ဒိုက်က ရေအောက်ဇိမ်ခံဟိုတယ်လေးဆီ သွားလည်ကြည့်ကြမလား။

ဟိုတယ်နာမည်က မူရာခါ (Muraka) လို့ခေါ်ပြီး မော်လ်ဒိုက်ဘာသာစကားအရ “သန္တာကျောက်” လို့ အဓိပ္ပာယ်ရပါတယ်။ ဟိုတယ်လေးက အိန္ဒိယသမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နွာပြင်အောက် ၁၆.၄ ပေမှာ ရှိပြီး နှစ်ထပ်တည်ဆောက်ထားတာပါ။ ပင်လယ်အဏ္ဏဝါအောက်မြင်ကွင်းတွေကို ကြည်ကြည်နူးနူးနဲ့ အနီးကပ် ကြည့်လို့မဝအောင်ကို ခံစားရမှာဖြစ်ပါတယ်။

ဟိုတယ်ထဲမှာ အိပ်ခန်းက ရေအောက်ထဲမှာ ရှိတာပါ။ အိပ်ခန်းနဲ့ ရေချိုးခန်း တွဲလျက်ပါ။ ကျယ်ကျယ်ဝန်းဝန်းလည်းရှိပါတယ်။ ကိုယ်အိပ်စက်နေချိန် ငါးတွေအုပ်လိုက်အုပ်လိုက် ကိုယ့်ခေါင်းပေါ်ကနေ ဖြတ်သွားမှာတွေးကြည့်ရင် ကြက်သီးထစရာပါပဲ။ အိပ်မက်ထဲမှာ ငါးတွေ၊ ရေသူမလေးတွေနဲ့အတူ ပြေးတမ်းလိုက်တမ်း ကစားနေမိဦးမလားပဲ။

မိတ်ဆွေနဲ့ဖြစ်ဖြစ်၊ ချစ်သူနဲ့ဖြစ်စေ ကိုယ်ပိုင်နားနေအပန်းဖြေဖို့၊ နေဝင်နေထွက်အရသာကြည့်ရှူခံစားဖို့၊ ဒါမှမဟုတ် ညစာအေးအေးဆေးဆေး အတူစားဖို့ အတွက် အပေါ်ထပ်မှာ ရေပေါ်အနားယူစရာနေရာလေး တစ်ခုကို ဖန်တီးပေးထားပါတယ်။

ပြီးရင် ရေအောက်ငါးမျိုးရောင်စုံတွေ အုပ်လိုက်အုပ်လိုက် ကူးခတ်သွားတာကို တဝကြီးငေးရင်း ဟိုတယ်ရဲ့ ရေအောက်စားသောက်ခန်းမှာ ဗိုက်အဝ စားသောက်လို့ရပါသေးတယ်။ ဒီဟိုတယ်ရဲ့ စားသောက်ဆိုင်က ပင်လယ်စာလက်ရာကတော့ တကယ့်ကို ထူးရှယ်အရသာပါ။ တစ်ခါလောက်တော့ အရောက် သွားလည်ကြည့်ချင်စိတ် ပေါက်လောက်တဲ့ နေရာတစ်ခု ဖြစ်နေတာတော့ အမှန်ပါပဲ။

 

Ref : newsrepublic.com “This Incredible Underwater Hotel Will Make All Your ‘Little Mermaid’ Dreams Come True”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply