မယိုင်လဲတဲ့ မိခင်မေတ္တာနဲ့ ပညာလို အိုသည်မရှိ

14.10.23-yyl-1.jpg

ကြည်နူးစရာ မြင်ကွင်းပါ။ အသက် ၇၂ နှစ်အရွယ်မှာ ဘွဲ့ရခဲ့သူနဲ့ အသက် ၉၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သူ့မိခင်တို့ကို အတူတကွ မြင်တွေ့ရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ ဆမ်ကက်ပလန်ဟာ ၁၉၆၉ ခုနှစ်မှာ အထက်တန်း ပညာရေး ပြီးမြောက်ခဲ့ပေမဲ့ ကောလိပ် ဆက်မတက်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

ဒါပေမဲ့ နှစ် ၅၀ ကြာတဲ့နောက်မှာတော့ ဂျော်ဂျီယာဂွင်းနက်ကောလိပ်က ရုပ်ရှင်နဲ့ မီဒီယာဘာသာရပ်အတွက် သင်တန်းသားခေါ်ယူနေတဲ့ သတင်းကို ရေဒီယိုကနေ ကြားခဲ့ရပြီး ဘွဲ့ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆမ်ကက်ပလန်ဟာ ပျမ်းမျှရမှတ် ၃.၉၇၅ မှတ်နဲ့ ဘွဲ့ရခဲ့တာဖြစ်ပြီး ပြဇာတ်တွေ ရေးသားဖို့ ဆန္ဒရှိနေပါတယ်။

ဆမ်ကက်ပလန်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သူ့ရဲ့မိခင်ပါ တက်ရောက်ခဲ့လို့ မြင်သူတိုင်း ကြည်နူးခဲ့ကြပါတယ်။ ဘယ်အရွယ် ဖြစ်နေပါစေ၊ သားသမီးတွေအတွက်ဆို မယိုင်လဲတဲ့ မိခင်မေတ္တာအကြောင်း ပြောစမှတ်တွင်ခဲ့သလို ပညာလို အိုသည်မရှိဆိုတဲ့ စကားပုံကိုလည်း ပြန်အမှတ်ရစရာ ဖြစ်စေခဲ့ပါတယ်။

Ref: Man, 72, Graduates College With His Biggest Fan Cheering Him On – His 99-Year-Old Mother!

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top