ဓားဒဏ်ရာနဲ့ ကိုယ်ဝန်သည် အမျိုးသမီးအလောင်းကို သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ ဖြစ်ရပ်အတွက် အမျိုးသားတစ်ယောက်ကို စွဲချက်တင်

18-6-2020-yyl-005.jpg

ပြီးခဲ့တဲ့သီတင်းပတ်က ဓားဒဏ်ရာရထားတဲ့ တောင်အာဖရိက အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းကို သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ဖြစ်ရပ်အတွက် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အသတ်ခံရသူဟာ အသက် ၂၈ နှစ်ရှိတဲ့ ပူလီဖြစ်ပြီး ကိုယ်ဝန်ရှစ်လရှိနေသူပါ။ ဇွန်လ ၄ ရက်မှာ ပူလီ ပျောက်ဆုံးသွားခဲ့ပြီး နောက်လေးရက်အကြာမှာ သူ့ရဲ့အလောင်းကို ဂျိုဟန်နက်စ်ဘတ်မြို့စွန်မှာ ပြန်တွေ့ခဲ့တာပါ။ ရင်ဘတ်မှာ ဓားထိုးခံထားရတဲ့ ပူလီရဲ့ ရုပ်အလောင်းကို သစ်ပင်မှာ တွဲလောင်းချိတ်လျက်သား တွေ့ရှိခဲ့တာပါ။

ပူလီ သေဆုံးခဲ့ပြီးနောက်မှာတော့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ကျား၊ မ ခွဲခြားတဲ့ အကြမ်းဖက်မှုတွေအပေါ် အသံတိတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ရတော့မယ်လို့ ပြောခဲ့ပါတယ်။ ပူလီ အသတ်ခံရတဲ့ဖြစ်ရပ်ကြောင့် တောင်အာဖရိကနိုင်ငံမှာ နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်နေပြီး တွစ်တာပေါ်မှာ #JusticeForTshego ဆိုတဲ့ လှုပ်ရှားမှုတစ်ရပ် ရေပန်းစားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ သံသယရှိသူမာလီဖာနီကို ဖမ်းဆီးခဲ့ပြီး ဗုဒ္ဓဟူးနေ့က ရုံးထုတ်ခဲ့ပါတယ်။ သူ့ကို ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုနဲ့စွဲချက်တင်ခဲ့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တောင်အာဖရိကနိုင်ငံမှာ တခြားအမျိုးသမီးနှစ်ယောက် အသတ်ခံခဲ့ရပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသမီး ၅၁ ရာခိုင်နှုန်းဟာ သူတို့နဲ့ပတ်သက်မှုရှိသူတွေရဲ့ အကြမ်းဖက်မှု တွေ့ကြုံခံစားခဲ့ရတယ်လို့ တောင်အာဖရိကသမ္မတက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top