အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုလို့ ကယ်ဆယ်ရေးလုပ်နေတုန်း မြေပြိုမှုထပ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၂ ယောက် သေဆုံး

12-1-2021-yyl15.jpg

အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုလို့ ကယ်ဆယ်ရေးလုပ်နေတုန်း နောက်ထပ်မြေပြိုမှုဖြစ်ပွားခဲ့လို့ ကယ်ဆယ်ရေးသမားတွေပါ သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အနောက်ပိုင်းဂျာဗားပြည်နယ်ရဲ့ ဆီဟန်ဂျူအန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေက မြေပြိုမှုမှာ အသက်ရှင်လွတ်မြောက်သူတွေကို ရွှေ့ပြောင်းပေးနေတုန်း နောက်တစ်ကြိမ် မြေပြိုခဲ့တာပါ။ အဲဒီအတွက် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မိုးရာသီမှာ မြေပြိုမှုတွေ ကြုံတွေ့လေ့ရှိပြီး သစ်တောပြုန်းတီးမှုကြောင့် မြေပြိုရတာလို့ မကြာခဏ ထောက်ပြဝေဖန်လေ့ရှိပါတယ်။ ဂျာကာတာမြို့ အရှေ့တောင်ဘက် ၉၅ မိုင်အကွာမှာရှိတဲ့ ဆီဟန်ဂျူအန်ရွာမှာ ၃ နာရီခွဲခြားပြီး မြေပြိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။
မြေပြိုမှုကြောင့် သေဆုံးသူတွေထဲမှာ ကယ်ဆယ်ရေးသမားတွေ ပါဝင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဘေးအန္တရာယ်သက်သာလျော့ပါးစေရေး အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အသက် ၆ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

Ref: BBC ” Indonesia landslide: Rescuers buried as they help victims”
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top