ပျားရည်ကို အရမ်းစားလွန်းရင် ဖြစ်လာနိုင်တဲ့အရာများ

8-1-2021-yyl26.jpg

ပျားရည်က လူ့ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိပါတယ်။ ပျားရည်က ဆေးဖက်ဝင်တယ်လို့လည်း သိကြတာပါ။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပါပဲ။ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ပျားရည်ကို အရမ်းစားသုံးမိရင်တော့ သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ပျားရည်ကို အရမ်းစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်ဆိုတာကို စဉ်းစားမိကြမယ်မထင်ပါဘူးနော်။ ဒါကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဒီဆောင်းပါးလေးနဲ့ မျှဝေပေးလိုက်ရပါတယ်။

သွေးအတွင်းသကြားဓာတ်များလာစေတယ်

ပျားရည်က သကြားနဲ့ ကာဗွန်ဟိုက်ဒရိုတ်တွေ ကြွယ်ဝပါတယ်။ ဒါကြောင့် ပျားရည်ကို အရမ်းစားသုံးရင် သွေးအတွင်း သကြားဓာတ်မြင့်မားလာနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေ ပျားရည်အရမ်းစားသုံးမယ်ဆိုရင် သွေးအတွင်း သကြားဓာတ်များလာနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။

အစာအိမ်ပြဿနာဖြစ်လာနိုင်တယ်

ဝမ်းချုပ်ခြင်းလို အစာခြေပြဿနာတွေက ပျားရည်အရမ်းစားသုံးတာနဲ့ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ ပျားရည်မှာ ဖရပ်တို့စ် (fructose) ပါဝင်မှုမြင့်မားတာကြောင့် အစာအိမ်ပြဿနာမရှိရင်တောင် ဝမ်းချုပ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က တစ်ခါတည်းနဲ့ သကြားအများကြီးကို မချေဖျက်နိုင်တဲ့အတွက် ဝမ်းဖောဝမ်းရောင်ဖြစ်လာနိုင်ပါတယ်။

သွေးဖိအားလျော့နည်းစေတယ်

ပျားရည်က သွေးဖိအားများတတ်တဲ့သူတွေအတွက် ကောင်းပေမဲ့ သွေးအားနည်းတတ်တဲ့သူတွေ အများကြီးစားသုံးမယ်ဆိုရင် သွေးဖိအားလျော့နည်းသွားနိုင်ပါတယ်။ သွေးဖိအားနည်းလွန်းတာက သင့်ရဲ့နှလုံးလုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်စေတယ်

သင်က ကိုယ်အလေးချိန်ချနေတဲ့သူဆိုရင် ပျားရည်စားသုံးမှုပမာဏကို ထိန်းပေးဖို့ အရေးကြီးပါတယ်။ ပျားရည်မှာ ကယ်လိုရီတက်နိုင်တဲ့ဓာတ်များစွာပါတဲ့အတွက် အရမ်းစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဝချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။

သွားပြဿနာတွေဖြစ်လာနိုင်တယ်

ပျားရည်အများကြီးစားသုံးတာက သကြားအများကြီးစားသုံးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သွားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ပျားရည်ရဲ့ ၈၂ ရာခိုင်နှုန်းက သွားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ သကြားတွေဖြစ်တယ်လို့ USDA National Nutrient Database အရသိရပါတယ်။ ပျားရည်က ပျစ်ပြီးကပ်စေးစေးဖြစ်တဲ့အတွက် သင့်သွားတွေမှာ ကပ်ပြီး ကျန်နေတတ်တာကြောင့် သွားယိုယွင်းပျက်စီးစေနိုင်ပါတယ်။

ပျားရည်ကို ဘယ်လောက်ပမာဏစားသုံးရင် ဘေးကင်းမလဲ

ပျားရည်စားသုံးတဲ့အခါ ချင့်ချိန်ပြီး စားသုံးတတ်တဲ့အလေ့အကျင့်ရှိဖို့ အရေးကြီးပါတယ်။ နေ့တိုင်း ပျားရည် (၅၀) မီလီလီတာ စားသုံးပေးတာက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

Ref: Weight gain and four other things that can happen when you eat too much honey
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top